မင်္ဂလာဒုံမြို့နယ်တွင် ယာဥ်တိုက်မှုဖြစ်ပွားရာ အမျိုးသား ၁ဦးသေဆုံး

(မှုခင်း) မေ ၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်း၊ ရွှေကောင်းကြွယ်လက်ဖက်ရည်ဆိုင်ရှေ့တွင် ယနေ့နံနက်၆နာရီ၂၇မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားပြီး လူညပ်နေကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဥ်တိုက်မှုဖြစ်ပွားသည့်နေရာသို့ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါယာဥ်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၁)ဦး ထိခိုက်ဒဏ်ရာရ(စိုးရိမ်ရ)အား မဟာလူမှု့ကူညီရေးအသင်းမှ သူနာတင် ယာဉ်ဖြင့် တပ်မတော်ဆေးရုံကြီးကုတင်(၁၀၀၀)သို့ ပို့ဆောင်ပေးခဲ့ပါကြောင်း၊ ယာဉ်တိုက်ခံရသူကျား(၁)ဦး သေဆုံး အား မင်္ဂလာဒုံလူမှု့ကူညီရေးအသင်းယာဉ်ဖြင့် မြောက်ဉက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#PAN