ကျောက်မြောင်းမြို့အနီး ပြင်းအား ၄.၀ အဆင့်ရှိ ငလျင်လှုပ်ခတ်

(မိုး/ဇလ)ဇွန်-၁

ကျောက်မြောင်းမြို့မှ ၅ မိုင်ခန့်အကွာ၌ ဧပြီ၃၀ ယမန်နေ့ညပိုင်း ၁၁ နာရီ ၂၃ မိနစ် ၁၈ စက္ကန့်အချိန်တွင် ပြင်းအား ၄.၀ အဆင့်ရှိ ငလျင်တစ်ခု ဗဟိုပြုလှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ငလျင်၏ ဗဟိုချက်မှာ မြောက်လတ္တီတွဒ် ၂၂.၃၉၂ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၉၆.၄၃၉ ဒီဂရီတွင်ရှိပြီး အနက် ၁၀.၀ ကီလိုမီတာခန့်တွင် ဖြစ်ပေါ်သည်။ပြင်းအား ၄.၀ အဆင့်ရှိ ငလျင်များသည် သာမန်အားဖြင့် လူအများ ခံစားသိရှိနိုင်ကာ အဆောက်အအုံအနည်းငယ် တုန်ခါမှုဖြစ်တတ်သော်လည်း အဆင့်မြင့် ပျက်စီးမှုများ ဖြစ်ပွားရန် အလားအလာ နည်းပါးသည်။

သို့ရာတွင် ငလျင်ဗဟိုချက်အနီးတွင် မြေပြိုခြင်း၊ အုတ်တံတိုင်းများ အက်ကွဲခြင်းစသည့် အသေးစားထိခိုက်မှုများ ရှိနိုင်သဖြင့် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်လျက်ရှိသည်။

နောက်ဆက်တွဲ လှုပ်ခတ်မှုများ ရှိနိုင်သောကြောင့် ဒေသခံပြည်သူများအနေဖြင့် သတိရှိရှိနေထိုင်ရန်နှင့် တရားဝင်သတင်းများကိုသာ ယုံကြည်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။