တွံတေးမြို့နယ်တွင် ယာဉ်တိုက်မှုဖြစ်ပွား၍ ယာဉ်မောင်းတစ်ဦး သေဆုံး

(မှုခင်း) မေလ ၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ သုံးအိမ်ကျေးရွာအနီးရှိ တွံတေး–လှိုင်သာယာ လမ်းပိုင်းတွင်ယနေ့ နံနက် ၅ နာရီ ၄၃ မိနစ်အချိန်ခန့်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ သတင်းရရှိချက်အရ တွံတေးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ အမြန်ဆုံးထွက်ခွာကာ အခင်းဖြစ်နေရာတွင် ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ အမျိုးသား (၁) ဦး သေဆုံးခဲ့ပြီး အလောင်းအား စိတ္တသုခ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် တွံတေးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#PAN