(ပြည်တွင်း) ဧပြီ ၂၈
မြောင်းမြမြို့ မြို့နယ် ပကိတ်ကြီးကျေးရွာ ကမ်းနားလမ်းတွင် ယနေ့ နံနက်ပိုင်း (၁၆:၀၀) နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ မြောင်းမြမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ (၁၈:၂၀) နာရီဝန်းကျင်တွင် ရောက်ရှိလာပြီး မီးငြိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ (၁၈:၄၅) နာရီခန့်တွင် မီးလောင်ကျွမ်းမှုကို ထိန်းသိမ်းနိုင်ခဲ့ပြီး နေအိမ် (၄၀) လုံးခန့် လောင်ကျွမ်းပျက်စီးခဲ့ကြောင်း သိရသည်။မီးလောင်မှုဖြစ်ပွားရခြင်း၏ အကြောင်းရင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေများကို ဆက်လက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
#PAN