(ပြည်တွင်း) ဧပြီ ၂၈
ထန်းတပင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ ယနေ့ နံနက် (၁၀:၀၀) နာရီအချိန်က ညှိနှိုင်းအစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းရီ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်နိုင်ဦး၊ စီမံအဖွဲ့ဝင်များဖြစ်သော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူး ဦးခင်ဆွေ၊ အတွင်းရေးမှူး ရဲမှူးခင်စိုးတို့နှင့်အတူ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။အစည်းအဝေးတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တောင်သူလယ်သမားများ၏ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စက်သုံးဆီရရှိရေးကိစ္စ၊ နိုင်ငံသားမှတ်ပုံတင်နှင့် သန်းခေါင်စာရင်းရရှိရေးကိစ္စများ၊ ပညာရေးကဏ္ဍလိုအပ်ချက်များကို ကျေးရွာအလိုက် တင်ပြဆွေးနွေးခဲ့ကြသည်။

ထိုသို့ တင်ပြချက်များအပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများမှ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
#PAN