ပဲခူးတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရရှိ

(မှု့ခင်း)ဧပြီ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ လိပ်ပြာကန် ရပ်ကွက်၊ ပဲခူး-သနပ်ပင်ကားလမ်း နာရီစင်အနီး၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးသေဆုံံးသွားကြောင်း သိရသည်။

ဧပြီလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် မဟာမြိုင်ဘက်မှ ဟင်္သာကုန်းဘက်သို့ ဟင်္သာကုန်းရပ်ကွက်နေ ဇော်ဖြူ(၄၅)နှစ် မောင်းနှင်ပြီး ဗိုလ်ကုန်းရပ်ကွက်နေ အောင်ကိုဦး(၃၉)နှစ်လိုက်ပါလာသော BGO-58/ xxxxx Honda Click ဆိုင်ကယ်သည် အခင်းဖြစ် နေရာအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိအုတ်ခုံအား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

အဆိုပါယာဥ်တိုက်မှုကြောင့် ဇော်ဖြူ တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အောင်ကိုဦးတွင် ဒဏ်ရာများရရှိခဲ့သော ကြောင့် ဇော်ဖြူအား ပဲခူးမြို့မရဲစခန်း ယာဉ်(ပ)၇/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

#PAN