အမေရိကန်က အီရန်ကုန်စည်တင်သင်္ဘောကို စီးနင်းသိမ်းဆည်း၊ အီရန်က ‘လက်နက်ကိုင် ပင်လယ်ဓားပြလုပ်ရပ်’ ဟု တုံ့ပြန်ကာ လက်တုံ့ပြန်မည်ဟု ခြိမ်းခြောက်

(နိုင်ငံတကာ) ဧပြီ ၂၀

     ​ဟော်မုဇ်ရေလက်ကြားအနီးတွင် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို ဖြတ်ကျော်ရန် ကြိုးပမ်းသည့် အီရန်ကုန်စည်တင်သင်္ဘောတစ်စင်းကို အမေရိကန်တပ်ဖွဲ့များက ဝင်ရောက်စီးနင်း သိမ်းဆည်းလိုက်ပြီဖြစ် ကြောင်း သမ္မတ ဒေါ်နယ်ထရန့်က အတည်ပြုပြောကြားလိုက်သည်။ ဤဖြစ်စဉ်ကြောင့် ဒေသတွင်း၌ နုနယ်လျက်ရှိသော ယာယီအပစ်အခတ်ရပ်စဲရေးမှာ ပြိုလဲလုနီးပါး ဖြစ်လာနေသည်။

​     အမေရိကန်သမ္မတ၏ ပြောကြားချက်အရ “Touska” အမည်ရှိ အီရန်အလံလွှင့်ထူထားသော သင်္ဘောသည် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို ဂရုမစိုက်ဘဲ ဖြတ်ကျော်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ အမေရိကန်ဖျက်သင်္ဘောက ခြောက်နာရီကြာအောင် အကြိမ် ကြိမ် သတိပေးခဲ့သော်လည်း လိုက်နာခြင်းမရှိသဖြင့် အမေရိကန်တပ်ဖွဲ့ဝင်များက သင်္ဘောပေါ်သို့ တက်ရောက်စီးနင်းကာ ထိန်းချုပ်လိုက်ခြင်း ဖြစ် သည်။ လက်ရှိတွင် အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM)က သင်္ဘောပေါ်၌ မည်သည့်ပစ္စည်းများ ပါရှိသည်ကို စစ်ဆေးနေပြီ ဖြစ်သည်။

​     အီရန်စစ်ဘက်အဆင့်မြင့်ဌာနချုပ် (Khatam al-Anbiya) က အမေရိကန်၏ လုပ်ရပ်မှာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်သည့် “လက်နက်ကိုင် ပင်လယ်ဓား ပြလုပ်ရပ်” ဖြစ်ကြောင်း ပြစ်တင်ရှုတ်ချလိုက်သည်။ အမေရိကန်အနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ကာ ကုန်သွယ်ရေးသင်္ဘောကို ပစ် ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သဖြင့် မကြာမီအချိန်အတွင်း ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမည်ဟု သတိပေးလိုက်သည်။

​     အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နှင့် ဖြစ်နိုင်ခြေရှိသော ဆွေးနွေးမှုများပြုလုပ်ရန် ၎င်း၏အဖွဲ့ကို အစ္စလာမ္မာဘတ်မြို့သို့ စေလွှတ်မည်ဟု ကြေညာခဲ့ပြီး နာရီပိုင်းအကြာတွင် ယခုတိုက်ခိုက်မှု (သင်္ဘောဖမ်းဆီးမှု) ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

     အီရန်ဘက်ကမူ အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုကို မရုပ်သိမ်းမချင်း ဆွေးနွေးပွဲတက်မည်မဟုတ်ကြောင်း ငြင်းဆိုထားသည်။ အီရန်ကလည်း ဟော်မုဇ်ရေလက် ကြားကို ပြန်လည်ပိတ်ဆို့လိုက်ပြီး “ကျွန်တော်တို့ ဖြတ် သန်းခွင့်မရရင် ဘယ်သူမှ ဖြတ်သန်းခွင့်မရစေရဘူး” ဟု တုံ့ပြန်ထား သည်။

     လာမည့် ဗုဒ္ဓဟူးနေ့တွင် အမေရိကန်-အီရန် ယာယီအပစ်ရပ်စဲရေး သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ရာ ယခုသင်္ဘောဖမ်းဆီးမှုဖြစ်စဉ်က စစ်မီးကို တစ်ကျော့ပြန် တောက်လောင်စေမည့် အန္တရာယ်ရှိနေပါသည်။

​#IranWar #StraitOfHormuz #DonaldTrump #TouskaShip #USBlockade #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN