
(နိုင်ငံတကာ) ဧပြီ ၁၉
မြောက်ကိုရီးယားသည် တနင်္ဂနွေနေ့တွင် ၎င်း၏ အရှေ့ဘက်ကမ်းလွန်ပင်လယ်ပြင်သို့ ဘော်လစ်စတစ်ဒုံးကျည် အမြောက်အမြားကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့က ပြောကြားခဲ့သည်။
ယခုဖြစ်စဉ်သည် မြောက်ကိုရီးယားအတွက် ယခုနှစ်အတွင်း (၇) ကြိမ်မြောက် ဘော်လစ်စတစ်ဒုံးကျည် ပစ်လွှတ်မှုဖြစ်ပြီး ဧပြီလအတွင်း၌ (၄) ကြိမ်မြောက် ဖြစ်သည်။
ဒုံးကျည်များကို တနင်္ဂနွေနေ့ နံနက် ၆ နာရီ ၁၀ မိနစ်ခန့်တွင် မြောက်ကိုရီးယားအရှေ့ဘက်ကမ်းရိုးတန်းရှိ ဆင်ပို (Sinpo) မြို့အနီးမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ခဲ့သည်။ တောင်ကိုရီးယားအနေဖြင့် စောင့်ကြည့်စစ်ဆေးမှုများကို တိုးမြှင့်ထားပြီး အမေရိကန်၊ ဂျပန်တို့နှင့်လည်း သတင်းအချက်အလက်များကို အနီးကပ် ဖလှယ်လျက်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ဂျပန်အစိုးရကမူ အဆိုပါ ဘော်လစ်စတစ်ဒုံးကျည်များသည် ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုး တန်းအနီးသို့ ကျရောက်ခဲ့သည်ဟု ယူဆရကြောင်း လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။ ဂျပန်၏ သီးသန့်စီးပွားရေးဇုန်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာမှုမျိုး မရှိကြောင်း အတည်ပြုခဲ့သည်။
တောင်ကိုရီးယားသမ္မတရုံးကလည်း အရေးပေါ် လုံခြုံရေးအစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။ မြောက်ကိုရီးယားသည် ကုလသမဂ္ဂ၏ ပိတ်ပင်မှုကို ပယ်ချထားပြီး ယင်းမှာ မိမိကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်ရှိသည့် အချုပ် အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆို သည်။
အဆိုပါ ဒုံးကျည်ပစ်လွှတ်မှုများသည် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ မြောက်ကိုရီးယားအရေး ဆွေးနွေးကြမည့် မေလလယ် ထိပ်သီးဆွေးနွေးပွဲအတွက် ပြင်ဆင်နေချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားလက်နက် ထုတ်လုပ်နိုင်စွမ်းတွင် “အလွန်ပြင်းထန်သော” တိုးတက်မှုများရှိနေပြီး ယူရေနီယမ်သန့်စင်မှုဆိုင်ရာ စက်ရုံအသစ်တစ်ခုလည်း ထပ်မံတိုးချဲ့ထားဖွယ်ရှိကြောင်း အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA) အကြီးအကဲ ရာဖေးလ်ဂရော့စီက ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လကုန်ပိုင်းကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ၎င်းတို့နိုင်ငံ၏ နျူကလီး ယားလက်နက်ပိုင်ဆိုင်သည့် အဆင့်အတန်းမှာ ပြောင်း လဲ၍မရနိုင်တော့ကြောင်းနှင့် အမျိုးသားလုံခြုံရေးအတွက် “မိမိကိုယ်ကိုယ် ခုခံကာကွယ်သည့် နျူကလီး ယားဟန့်တားမှု” ကို တိုးချဲ့ရန်မှာ မဖြစ်မနေ လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
#NorthKorea #MissileLaunch #KimJongUn #DonaldTrump #XiJinping #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN