(မှုခင်း) ဧပြီ ၁၉
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် လိုင်စင်မဲ့ စက်သုံးဆီရောင်းချနေမှုကို တာဝန်ရှိသူများက ဝင်ရောက်စစ်ဆေးဖမ်းဆီးခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ဧပြီ ၁၈ ရက် ညနေ ၆ နာရီခွဲ အချိန်ခန့်တွင် ပုသိမ်မြို့ အမှတ်(၁၃)ရပ်ကွက် စံပြလမ်းမကြီးဘေးရှိ ဆိုင်ခန်းအမှတ် (၇၀)တွင် လိုင်စင်မဲ့ ဓာတ်ဆီရောင်းချနေကြောင်း သတင်းအရ မူးယစ်နှိမ်နင်းရေးနှင့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများ၊ နယ်ထိန်းရဲတပ်ဖွဲ့နှင့် ရပ်မိရပ်ဖများ ပူးပေါင်း၍ ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ဆိုင်ပိုင်ရှင် မေဖြူငြိမ်း (ခ) မေဖြူ (၃၆ နှစ်) ကို ဆိုင်အတွင်း တွေ့ရှိရပြီး ဓာတ်ဆီများကို လိုင်စင်မဲ့ ရောင်းချနေသည်ကို အတည်ပြုနိုင်ခဲ့ပြီး ထိုနေရာမှ ဓာတ်ဆီ ၇ ဂါလံခန့် ပါဝင်သည့် ကော်ပုံး ၂ ပုံး၊ ဆီရောင်းချရာတွင် အသုံးပြုသည့် ကတော့၊ ရေစစ်၊ ပလပ်စတစ်ပိုက်၊ ရေသန့်ဗူးများနှင့် ဆီဗူးတင်ရန် အသုံးပြုသည့် သံဖွဲ့စင်တစ်ခုတို့ကို သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ထို့အပြင် ဆိုင်အတွင်းမှ ငွေသား ကျပ် ၃၅,၀၀၀ ကိုလည်း တွေ့ရှိသဖြင့် သက်သေခံပစ္စည်းအဖြစ် ထပ်မံ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများက သက်ဆိုင်ရာ ဥပဒေအရ အမှုဖွင့်နိုင်ရန် ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN