တနင်္သာရီတိုင်းအစိုးရအဖွဲ့ ဝန်ကြီး (၈)ဦးကို တိုင်းလွှတ်တော် အတည်ပြု

(ပြည်တွင်း) ဧပြီ ၇

တတိယအကြိမ် တနင်္သာတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(ပဉ္စမနေ့)အစည်းအဝေးကို ဧပြီလ ၇ ရက်နေ့ မနက် ၁၀နါရီ က တနင်္သါရီ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ပေးခံရသူကတင်သွင်းသည့် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများအား အတည်ပြုပေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ပေးခံရသူကတင်သွင်းသည့် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများအဖြစ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးသိန်းဇော်မြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမောင်ကြီး၊ လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးသက်နိုင် ၊ လျှပ်စစ်နှင့် စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဝင်အောင် ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကျော်ကျော်ဦး ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းလွင် ၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးမင်းမင်းလတ်တို့အားအတည်ပြုပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် တိုင်းရင်းသားရေးရာဝန်ကြီး ဌာန ဝန်ကြီး စောမာတင်လူသာ အား လွှတ်တော်သို့ တင်ပြခဲ့ရာ လွှတ်တော်က အတည်ပြုပေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဥပဒေချုပ်အဖြစ် ဦးထိန်လင်းကျော်၊ စာရင်းစစ်ချုပ်အဖြစ် ဒေါ်ဌေးဌေးမြင့်၊ တိုင်းတရားသူကြီးများအဖြစ် ဒေါ်ရင်ရင်သန်း၊ဒေါ်အေးအေးသန်း တို့ကိုလည်း ခန့်အပ်အတည်ပြုပေးခဲ့ကြောင်း သိရသည်။

#PAN