(ပြည်တွင်း) ဧပြီ ၇
တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(ပဉ္စမနေ့)အစည်းအဝေးကို ဧပြီလ ၇ ရက်နေ့ မနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ ပဲခူးတိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ပေးခံရသူကတင်သွင်းသည့် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများအား အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ပေးခံရသူကတင်သွင်းသည့် ပဲခူးတိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများအဖြစ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးညီလန်ချိုး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးဇော်ဝင်း ၊ လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးဒေါက်တာထူးခြားအောင် ၊ လျှပ်စစ်နှင့် စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးဦးကျော်ထွဋ် ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကိုကိုဦး ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်လင်း ၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးထွန်းထွန်းဦးတို့အားအတည်ပြုပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် တိုင်းရင်းသားရေးရာဝန်ကြီး ဌာန ဝန်ကြီး ဦးစောလင်းအောင် အား လွှတ်တော်သို့ တင်ပြခဲ့ရာ လွှတ်တော်က အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဒေါ်လွင်လွင်အေးကျော်၊ တိုင်းဥပဒေချုပ်အဖြစ် ဦးခင်မောင်တင့်၊ စာရင်းစစ်ချုပ်အဖြစ် ဒေါ်တင်တင်ငြိမ်း၊ တိုင်းတရားသူကြီးများအဖြစ် ဒေါ်အေးအေးသန့်၊ဒေါ်ခင်အုန်းတင့်၊ ဒေါက်တာဇော်ဝင်းထွန်း၊ ဦးသန့်ဇော်သန်း တို့ကိုလည်း ခန့်အပ်အတည်ပြုပေးခဲ့ကြောင်း သိရသည်။







#PAN