(ပြည်တွင်း) ဧပြီ ၇
တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)အစည်းအဝေးကို ဧပြီလ ၇ ရက်နေ့ မနက် ၁၀နါရီ က မန္တလေး တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ တိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ပေးခံရသူကတင်သွင်းသည့် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများအား အတည်ပြုပေးခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ပေးခံရသူကတင်သွင်းသည့် တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများအဖြစ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဌေး၊ လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးလှကြွယ် ၊ လျှပ်စစ်နှင့် စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ကျော်မိုးသက် ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးလှမျိုး ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဒေါ်သိင်္ဂီအောင် ၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်အေးတို့အားအတည်ပြုပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဌာန ဝန်ကြီး စိုင်းအောင်ကြည် အား လွှတ်တော်သို့ တင်ပြခဲ့ရာ လွှတ်တော်က အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ထို့နောက် တိုင်းတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဒေါ်လှမြင့်၊ တိုင်းဥပဒေချုပ်အဖြစ် ဦးလှသိန်း၊ စာရင်းစစ်ချုပ်အဖြစ် ဒေါ်ခင်ခင်သီ၊ တိုင်းတရားသူကြီးများအဖြစ် ဦးမြင့်ဆန်း၊ဒေါ်ခင်သန်းမြင့်၊ဒေါ်ကြည်ကြည်စိမ်၊ဒေါ်ခင်သစ်ဆွေ၊ ဦးသန်းထွန်းအောင်၊ဦးစောမျိုးမျိုး တို့ကိုလည်း ခန့်အပ်အတည်ပြုပေးခဲ့ကြောင်း သိရသည်။

