(ပြည်တွင်း) ဧပြီ ၅
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ် ဖလံကိုင်ရေနံမြေလုပ်ကွက်ရှိ PDFစခန်းအား တပ်မတော်လေမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ PDF တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဧပြီလ ၄ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်အချိန်က ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ရှိ ဖလံကိုင်း ရေနံမြေ လုပ်ကွက်နေရာကို တပ်မတော် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ NUGလက်အောက်ခံPDF နှင့် နယ်မြေခံPDFတပ်ဖွဲ့များ ညှိ့နှိုင်းအစည်းဝေးလုပ်နေသည့် အဆောက်အအုံများကို ထိမှန်ခဲ့ရာ PDF ၆ဦး သေဆုံးပြီး ၁၀ ဦးထက်မနည် ဒဏ်ရာရရှိကြောင်း သိရသည်။
အဆိုပါ ဖလံကိုင်းရေနံမြေလုပ်ကွက်ကို မတ်လ ၃၀ ရက်နေ့ကစတင်၍ NUGလက်အောက်ရှိ PDFတပ်ရင်းများက ဒေသခံ PDFတပ်ဖွဲ့ များကို တိုက်ခိုက်ကာ ရေနံမြေလုပ်ကွက်ကို သိမ်းယူရန် စီစဉ်ခဲ့ကြောင်း၊ နှစ်ဖက်တပ်များ အကြား အငြင်းပွားလျက်ရှိသော နယ်မြေဖြစ်သည်။

#PAN