
(နိုင်ငံတကာ) ဧပြီ ၁
အမေရိကန်ပြည်ထောင်စုသည် အီရန်နိုင်ငံအပေါ် စစ်ရေးအရ အပြတ်အသတ် ကိုင်တွယ်ရန် ပြင်ဆင်မှုများ ပြုလုပ်နေစဉ်အတွင်း အရှေ့အလယ်ပိုင်းဒေသသို့ တတိယမြောက် လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု (Carrier Strike Group) ကို ထပ်မံစေလွှတ်လိုက်ကြောင်း Ynet News သတင်းဌာနက ဖော်ပြထား
သည်။ ဤလှုပ်ရှားမှုသည် ဒေသတွင်းရှိ အမေရိကန် ၏ ရေတပ်အင်အားကို ဆယ်စုနှစ်တစ်ခုအတွင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိစေခဲ့သည်။
အမေရိကန်ရေတပ်၏ ထုတ်ပြန်ချက်အရ နီမစ်စ်အဆင့် (Nimitz-class) လေယာဉ်တင်သင်္ဘောဖြစ်သော USS George H.W. Bush သည် ၎င်း၏ အရန်စစ်သင်္ဘောများနှင့်အတူ ဗာဂျီးနီးယားပြည်နယ်၊ နော်ဖော့ခ် (Norfolk) ရေတပ်စခန်းမှ အင်္ဂါနေ့တွင် စတင်ထွက်ခွာလာပြီဖြစ်သည်။ အဆိုပါ သင်္ဘောအုပ်စုသည် နောက်သီတင်းပတ်အနည်းငယ်အတွင်း အရှေ့အလယ်ပိုင်း ရေပြင်သို့ ရောက်ရှိမည်ဖြစ်ပြီး၊ ထိုအခါတွင် ဒေသတွင်း၌ အမေရိကန် လေယာဉ်တင်သင်္ဘော ၃ စီးအထိ စုစည်းမိမည်ဖြစ်သည်။
The Wall Street Journal ၏ ဖော်ပြချက်အရ လက်ရှိတွင် USS Abraham Lincoln သည်အာရေဗျပင်လယ်အတွင်း စစ်ဆင်ရေးများ ဆောင်ရွက်နေပြီး USS Gerald R. Ford သည် ခရိုအေးရှားတွင် ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်၍ မကြာမီ ဒေသတွင်းသို့ ပြန် လည်ဝင်ရောက်မည်ဟု သိရသည်။ ယခုထွက်ခွာလာသည့် USS George H.W. Bush တတိယမြောက် သင်္ဘောအုပ်စု ဖြစ်သည်။ ဤကဲ့သို့ လေယာဉ်တင် သင်္ဘော ၃ စီး တစ်ပြိုင်နက်တည်း ချထားခြင်းသည် အမေရိကန်က အီရန်ကို ကျူးကျော်ရန် သို့မဟုတ် ပြင်း ထန်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရန် အသင့်ဖြစ်နေကြောင်း ပြသသည့် အချက်ပြမှုဖြစ် သည်။
လေယာဉ်တင်သင်္ဘောများတင်မကဘဲ အမေရိကန် သည် မြေပြင်ကျူးကျော်စစ်အတွက်ပါ အသင့်ပြင်ထားကြောင်း တွေ့ရသည်။ ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ကုန်းရေနှစ်သွယ်သွား စစ်သင်္ဘောများပေါ်၌ လိုက်ပါလာသည့် မရိန်းအမြန်တုံ့ပြန်ရေးတပ်ဖွဲ့ (Marine Expeditionary Unit) သည် အရှေ့အလယ်ပိုင်း ရေပြင်သို့ ရောက်ရှိလာခဲ့သည်။ ဤတပ်ဖွဲ့များ သည် မြေပြင်ကျူးကျော်စစ်နှင့် အရေးပေါ် စစ်ဆင် ရေးများတွင် အလွန်ထိရောက်သော အထူးတပ်ဖွဲ့များ ဖြစ်ကြသည်။

လက်ရှိ အမေရိကန်အစိုးရသည် အီရန်နှင့် ပတ် သက်၍ နောက်ထပ် စစ်ရေးရွေးချယ်မှုများကို အလေးအနက် စဉ်းစားနေကြောင်း သိရသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ် ကလည်း ၎င်းတို့အနေဖြင့် သံတမန်ရေးထက် “ဗုံးများဖြင့် ဆက်လက်ဆွေးနွေးသွားရန်” အသင့်ရှိနေကြောင်း ပြောကြားထားရာ၊ ယခု ရေတပ်အင်အားဖြည့်တင်းမှုသည် အီရန်ကျူး ကျော်စစ်၏ အစပျိုးမှုဖြစ်နိုင် သည်ဟု စစ်ရေးလေ့လာ သူများက သုံးသပ်နေကြသည်။
အရှေ့အလယ်ပိုင်းရေးရာ ကျွမ်းကျင်သူအများစုကမူ ဤစစ်ပွဲသည် “ရက်ပိုင်းအတွင်း ပြီးဆုံးမည့် စစ်ပွဲမျိုးမဟုတ်ဘဲ” အနည်းဆုံး ၁ နှစ်မှ ၁ နှစ်ခွဲခန့် ပြင်း ထန်သော စစ်ဆင်ရေးများ ဆက်တိုက်ဖြစ်ပွားနိုင်ကြောင်း ခန့်မှန်းထားကြသည်။
ထိုကဲ့သို့ စစ်ပွဲကြာရှည်လာသည်နှင့်အမျှ ကမ္ဘာ့ရေနံတင်ပို့မှု၏ ၂၀% ခန့် ဖြတ်သန်းရာ ဟော်မုဇ်ရေလက် ကြား (Strait of Hormuz) ပိတ်ဆို့မှုများကြောင့် ရေနံ တစ်စည်လျှင် ဒေါ်လာ ၁၂၀ မှ ၁၅၀ အထက်သို့ ခုန်တက်သွားနိုင်ပြီး စွမ်းအင်လိုအပ်ချက်ကြီးမားသော နိုင်ငံများ (ဥပမာ – တရုတ်၊ အိန္ဒိယနှင့် ဥရောပ) အတွက် ကုန်ထုတ်လုပ်မှုစရိတ်များ မြင့်တက်စေပါမည်။
လောင်စာဆီဈေး မြင့်တက်ခြင်းကြောင့် ကမ္ဘာတစ် ဝန်း ကုန်စည်ပို့ဆောင်ခနှင့် စားသောက်ကုန်ဈေးနှုန်းများ လိုက်ပါမြင့်တက်ကာ ငွေဖောင်းပွမှုလှိုင်းသစ်တစ်ခု ဖြစ်ပေါ်လာနိုင်သည်ဟု ကျွမ်းကျင်သူများ ဆိုသည်။
#USNavy #USSGeorgeHWBush #IranInvasion #MiddleEastWar #TrumpStrategy #MarineReinforcement #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN