တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကျင်းပ

(ပြည်တွင်း) ဧပြီ ၁

တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဒုတိယနေ့)ကို မတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် မြစ်ကြီးနားမြို့  မန်ခိန်ရပ်ကွက်ရှိ ပြည်နယ်လွှတ်တော်ရုံး၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဌ ဦးသိန်းထွန်းအေး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်မှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာကို ပြည်နယ်လွှတ်တော်ဥက္ကဌဦးရားဝမ်ဂျုံးမှ ဖတ်ကြားကာ မှတ်တမ်းတင်ခဲ့သည်။

ထို့နောက် လွှတ်တော်ဥက္ကဌဦးရားဝမ်ဂျုံမှ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေပြုရေးလုပ်ငန်းများအတွက် ဥပဒေကြမ်းကော်မတီ၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီများဖွဲ့စည်းရန်ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယဥက္ကဌ ဦးသိန်းထွန်းအေးမှ ကော်မတီဝင်များ၏ တာဝန်၊ လုပ်ပိုင်ခွင့်နှင့် သက်တမ်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ကချင်ပြည်နယ်လွှတ်တော်ဥက္ကဌဦးရားဝမ်ဂျုံမှ ကော်မတီတွင်ပါဝင်မည့် အမည်စာရင်းတွေကို လာမည့် အစည်းအဝေး (တတိယနေ့)တွင် အတည်ပြုနိုင်ရန် လျာထားကြောင်း နှင့်အကြံပြုဆွေးနွေးလိုသည့်လွှတ်တော်ကိုယ်စားလှယ်များအမည်တင်သွင်းနိုင်ကြောင်းကြေငြာကာတတိယအကြိမ်ကချင်ပြည်နယ်လွှတ်တော်(ဒုတိယနေ့)ကိုရပ်နားခဲ့ကြောင်း သိရသည်။

#PAN