(ပြည်တွင်း) ဧပြီ ၁
တာချီလိတ်မြို့၌ လေထုအရည်အသွေး အချက်အလက်များအရ ခရမ်းရောင်အဆင့် (Very Unhealthy) သို့ ရောက်ရှိနေပြီး သီးသန့် Parameter များအနေဖြင့် SO₂, NO₂, CO နှင့် O₃ များမှာ အမြင့်ဆုံး (၃၅) အထိသာ ဖြစ်ပေါ်သဖြင့် အစိမ်းရောင်အဆင့် (Good) ရှိနေသည်ဟု တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရှိရသည်။

ဧပြီ ၁ ရက်အတွင်း တိုင်းတာချက်များအရ PM 1, PM 2.5, PM 4, PM 10, PM total အတွက် နာရီပေါင်း ၁ အတွင်း ပျမ်းမျှ concentration တန်ဖိုးများကို ကြည့်သည့်အခါ မတ်လ ၃၁ ရက် ည ၆ နာရီမှ ၇ နာရီအတွင်း အများဆုံး မြင့်တက်မှုကို တွေ့ရှိရသည်။
လေစီးဆင်းမှုကိုလည်း ချက်ချင်းတိုင်းတာခဲ့ရာ ၂၀၂၆ မတ်လ ၃၁ ရက်မှ ဧပြီ ၁ ရက်အထိ ၂၄ နာရီအတွင်း လေသည် အရှေမြောက်မှ အနောက်တောင် မြန်မာနိုင်ငံ မှ ထိုင်းနိုင်ငံသို့ တိုက်ခတ်ခဲ့ကြောင်း သိရသည်။ ထို့အတူ AQI အရည်အသွေးအညွှန်းအရ PM 2.5 သည် ခရမ်းရောင် (Very Unhealthy) အဆင့်တွင် အမြင့်ဆုံး ၂၆၄ အထိ ရောက်ရှိနေပြီး PM 10 သည် လိမ္မော်ရောင် (Unhealthy for Sensitive Groups) အဆင့်တွင် အမြင့်ဆုံး ၁၄၉ အထိ ဖြစ်ပေါ်နေသည်။ သို့သော် SO₂, NO₂, CO နှင့် O₃ Parameter များက အမြင့်ဆုံး ၃၅ အထိသာဖြစ်သောကြောင့် အစိမ်းရောင်အဆင့် (Good) ကို ထိန်းသိမ်းနိုင်ခဲ့သည်။


