
(နိုင်ငံတကာ) မတ် ၁၃
အီရန်နိုင်ငံရဲ့ နာတန့်ဇ် (Natanz) နျူကလီးယားစခန်းအနီးရှိ Kuh-e Kolang Gaz La တောင်တန်း (ခေါ်) “Pickaxe Mountain” အတွင်း ဝှက်ဖွက်ထားသော ယူရေနီယံသိုလှောင်မှုတွေကို သိမ်းဆည်းဖို့အတွက် အမေရိကန်အထူးတပ်ဖွဲ့တွေ စေလွှတ်ဖို့ သမ္မတထရမ့်က စီစဉ်နေတယ်လို့ အမေရိကန်ထောက်လှမ်းရေး သတင်းရင်းမြစ်တွေကို ကိုးကားပြီး NBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အဲ့ဒီ့ တောင်တန်းရဲ့ မြေအောက်နက်ရှိုင်းသောနေရာမှာ အီရန်နိုင်ငံဟာ လက်နက်အဆင့်မီ ယူရေနီယံတွေ ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲချက်တွေ ထွက်ပေါ်နေ ပါတယ်။
လက်ရှိမှာ အစ္စရေးနိုင်ငံ တယ်လ်အဗစ်မြို့ကို အီရန်ရဲ့ဒုံးကျည်တွေ ထပ်မံကျရောက်ခဲ့ပြီး အစ္စရေးလေကြောင်းကာကွယ်ရေးစနစ်တွေအပေါ် သက်ရောက်မှုရှိနေကြောင်း MintPress News ကဲ့သို့သော မီဒီယာအချို့တွင် ဖော်ပြနေကြပါတယ်။