(ပြည်တွင်း) နိုဝင်ဘာ ၂
နေပြည်တော်ကိုဗဟိုပြုပြီး ခရိုင် ၄ ခုကို စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ အထူးဖွံ့ဖြိုးရေးဒေသအဖြစ်အကောင်အထည်ဖော်ဆောင်ရွက် သွားမယ်လို့ သိရပါတယ်။
နေပြည်တော်ကိုဗဟိုပြုပြီး အထူးဖွံ့ဖြိုးရေးဒေသအဖြစ်အကောင်အထည်ဖော်ဆောင်ရွက် မယ့်အထဲမှာ မန္တလေးတိုင်းဒေသကြီးက မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်နဲ့ ပဲခူးတိုင်းအရှေ့ပိုင်းက တောင်ငူခရိုင်တို့ပါဝင်နေပါတယ်။
စိုက်ပျိုးရေးနဲ့မွေးမြူရေးကိုအခြေခံကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ဖို့နဲ့ အထူးဖွံ့ဖြိုးရေးဒေသအဖြစ်ဆောင်ရွက်ဖို့ သမ္မတရုံးရဲ့အမိန့်နဲ့ သမ္မတရုံးပြည်ထောင်စုဝန်ကြီးဦးဆောင်မယ့် ဦးစီးကော်မတီကိုဖွဲ့စည်းခဲ့သလို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးဆောင်တဲ့ လုပ်ငန်းကော်မတီကော်မတီကိုလည်း ဖွဲ့စည့်းထားပြီဖြစ်တယ်လို့ သိရပါတယ်။
ဒီကော်မတီတွေဟာ အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်မာ့် ခရိုင်တွေရဲ့ စီးပွားရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSMEs စတဲ့ ကဏ္ဍအလိုက် တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးတိုးတက်စေရေး ကြီးကြပ်ဆောင်ရွက်ဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့မူဝါဒတွေချမှတ်ဆောင်ရွက်ဖို့ လယ်ယာ၊ သားငါးထုတ်ကုန်တွေ မြှင့်တင်ကာ ပြည်ပပို့ကုန်တိုးမြှင့်ရေးကို ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
ဒါ့အပြင် စိုက်ပျိုးသီးနှံတွေအထွက်နှုန်းကောင်းမွန်စေရေး ပညာပေးစည်းရုံးဆောင်ရွက်ဖို့ ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး ကြီးကြပ်ဆောင်ရွက်ဖို့နဲ့ စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ Agro-Based Industry ကို ဖော်ဆောင်ရေး ကြီးကြပ်ဆောင်ရွက်ရမှာဖြစ်သလို ရာသီပေါ်သီးနှံ၊ နှစ်လတ်သီးနှံနဲ့ နှစ်ရှည်သီးနှံတွေကို ဒေသအလိုက်ဖြစ်ထွန်းအောင်မြင်တဲ့သီးနှံတွေ ရွေးချယ်စိုက်ပျိုးနိုင်ရေး ကြီးကြပ်ဆောင်ရွက်ကြရမှာလည်းဖြစ်ပါတယ်။
မွေးမြူရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ စီးပွားဖြစ်နဲ့ တစ်ပိုင်တစ်နိုင်မွေးမြူရေး၊ ကောင်ရေ တိုးချဲ့မွေးမြူရေး၊ မွေးမြူရေးဇုန်တွေ အောင်မြင်ဖြစ်ထွန်းရေးနဲ့ ငါးမွေးကန်တွေ တိုးချဲ့မွေးမြူနိုင်ရေးကြီးကြပ်ဆောင်ရွက်ဖို့ ဒေသထွက်စိုက်ပျိုးရေးနဲ့ မွေးမြူရေးထွက်ကုန်တွေ အရည်အသွေးကောင်းမွန်စေဖို့နဲ့ ဒေသထွက်ကုန်တွေကို ကုန်ကြမ်းအဆင့်သာမက MSME လုပ်ငန်းတွေက တစ်ဆင့် အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်းများအဖြစ် ထုတ်လုပ်တင်ပို့နိုင်ရေး ကြီးကြပ်ဆောင်ရွက်ဖို့ ပြည်တွင်းမှာ မထုတ်လုပ်နိုင်သေးတဲ့ သွင်းအားစုပစ္စည်းတွေကို ပြည်ပက တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးဖို့ မျိုးစေ့၊ဓာတ်မြေဩဇာ၊ တိရစ္ဆာန်အစာ၊ ဆေးဝါး၊ သားပေါက် စတဲ့ သွင်းအားစုတွေကို ပြည်တွင်းမှာထုတ်လုပ်နိုင်ရေးဆောင်ရွက်ပေးဖို့လည်း တာဝန်ရှိပါတယ်။
ဒါ့အပြင် မြေအသုံးချမှုတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ အကျိုးရှိအောင်ဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ဖို့ သဘာဝဘေးအန္တရာယ်တွေကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေအပေါ် ထိခိုက်မှု လျော့နည်းစေရေးအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အကောင်အထည်ဖော်မှုကို ကြီးကြပ်ဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မှုကို စနစ်တကျစောင့်ကြည့် လေ့လာရေးစနစ်တစ်ရပ်ထူထောင်ဖို့ နိုင်ငံတော်က အထူးဖွံ့ဖြိုးရေးဒေသအဖြစ်ဆောင်ရွက်ဖို့ ချမှတ်ထားတဲ့ မူဝါဒ/ လမ်းညွှန်ချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာလည်းဖြစ်ပါတယ်။
စိုက်ပျိုးရေး၊မွေးမြူရေးကိုအခြေခံ၍စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့်အထူးဖွံ့ဖြိုးရေးဒေသအဖြစ်အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးစီးကော်မတီဟာ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးဆောင်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးကဝန်ကြီးတစ်ချို့ပါဝင်တဲ့ လုပ်ငန်းကော်မတီကို ကြီးကြပ်ရမှာလည်းဖြသ်တယ်လို့ သိရပါတယ်။

Telegram – t.me/positiveanglenews
#PAN