
(နိုင်ငံတကာ)မတ် ၁၃
အစ္စရေးစစ်ဘက်ဆိုင်ရာ ထိန်းသိမ်းရေးစခန်းတစ်ခုတွင် ပါလက်စတိုင်းအကျဉ်းသားတစ်ဦးအား လိင်ပိုင်းဆိုင်ရာ စော်ကားနှိပ်စက်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် စစ်သား ၅ ဦးအပေါ် စွဲဆိုထားသော စွဲချက်အားလုံးကို အစ္စရေးဘက်က ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း အစ္စရေးသတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။ ဤဆုံးဖြတ်ချက်ကြောင့် နိုင်ငံ၏လတ်တလောသမိုင်းတွင် သဘောထားကွဲလွဲမှုအဖြစ်ရဆုံး ဖြစ်ရပ်တစ်ခုကို အဆုံးသတ်လိုက်ခြင်းလည်း ဖြစ်သည်။
ဂါဇာရှိ ပါလက်စတိုင်းသားများအပေါ် အစ္စရေး၏ လူမျိုးတုံးသတ်ဖြတ်မှုစစ်ပွဲအတွင်း ဖမ်းဆီးထားသူ များကို ချုပ်နှောင်ထားရာ သဲကန္တာရအကျဉ်းစခန်းတစ်ခုဖြစ်သည့် Sde Teiman တွင် ကျူးလွန်ခဲ့သော အဆိုပါ စော်ကားနှိပ်စက်မှု ရုပ်သံမှတ်တမ်းကို အစ္စရေးရုပ်သံလိုင်းက ထုတ်လွှင့်ပြသခဲ့ပြီး နိုင်ငံ တကာ၏ ပြင်းထန်သော ဒေါသထွက်မှုကို ဖြစ်ပွားစေခဲ့ပြီးနောက် တစ်နှစ်ကျော်အကြာတွင် စစ်ဘက်က ယခုအပတ်၌ စွဲချက်ရုပ်သိမ်းရန် ဆုံးဖြတ်ချက်ကို ကြေညာခဲ့ခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သော အဆိုပါဖြစ်ရပ်ကြောင့် ဖမ်းဆီးခံထားရသူမှာ ဆေးရုံသို့ တင်ပို့ခဲ့ရသည်။ အဆိုပါစခန်းရှိ ဆရာဝန်တစ်ဦးဖြစ်သူ ပရော်ဖက်ဆာ ယိုရယ်ဒွန်ချင် (Yoel Donchin) က အစ္စရေးသတင်းစာ Haaretz သို့ ပြောကြားရာတွင် ၎င်းအနေဖြင့် ထိုအမျိုးသား၏ အခြေ အနေကို မြင်တွေ့ရချိန်တွင် အလွန်ထိတ်လန့်သွားခဲ့ရပြီး၊ ယင်းမှာ ပြိုင်ဘက်လက်နက်ကိုင်အဖွဲ့တစ်ခု၏ လက်ချက်သာဖြစ်မည်ဟု အစပိုင်းတွင် ယူဆခဲ့မိကြောင်း ဆိုသည်။
စစ်ဘက်၏ တရားစွဲဆိုချက်တွင်မူ စစ်သားများ သည် ဖမ်းဆီးခံရသူ၏ စအိုဝအနီးကို ချွန်ထက်သော အရာဝတ္ထုတစ်ခုဖြင့် ထိုးနှက်ခဲ့ကြကြောင်း ဖော်ပြထားပြီး၊ ယင်းကြောင့် နံရိုးများကျိုးခြင်း၊ အဆုတ်ပေါက်ပြဲခြင်းနှင့် ကိုယ်တွင်းအင်္ဂါ စုတ်ပြဲခြင်းတို့ ဖြစ်ပွားခဲ့ရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုစဉ်က အဆိုပါစွပ်စွဲချက်များကို ‘ကြောက်မက်ဖွယ်ကောင်းသည်’ ဟု ခေါ်ဆိုခဲ့ပြီး လျင်မြန်ပြီး ပြည့်စုံသော စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် တောင်းဆိုခဲ့သည်။ ‘ဘယ်လိုအကျဉ်းသားအပေါ်မှာမဆို လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ မုဒိမ်းကျင့်မှုတွေအတွက် လုံးဝသည်းခံခွင့်လွှတ်ပေးမှာ မဟုတ်သလို၊ ဒါဟာ အပြတ်ပြောထားတာပါ’ ဟု ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ မက်သရူးမီလာ (Matthew Miller) က ပြောကြားခဲ့သည်။
အဆိုပါ တရားစွဲဆိုချက်ကို တင်သွင်းခဲ့ပြီး နှိပ်စက်မှုရုပ်သံမှတ်တမ်းကို Channel 12 သတင်းဌာနသို့ ပေါက်ကြားခွင့်ပြုခဲ့သည့် စစ်ဘက်ဆိုင်ရာ ထိပ်တန်းရှေ့နေ ချုပ် ဗိုလ်ချုပ် ယီဖတ် တိုမာ-ယေရူရှယ်လ်မီ (Major-General Yifat Tomer-Yerushalmi) သည် ပြီးခဲ့သည့်နှစ်တွင် ရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် လိမ် လည်မှု၊ ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်မှုနှင့် တရား စီရင်ရေးကို နှောင့်ယှက်ဟန့်တားမှု အပါအဝင် စွဲချက်များဖြင့် ဖမ်းဆီးခြင်း ခံခဲ့ရသည်။
တစ်ဖက်တွင်လည်း ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက အဆိုပါ ဖြစ်ရပ်ဆိုးထက် ထိုရုပ်သံမှတ်တမ်း ပေါက်ကြားသွားမှုကိုသာ အစ္စရေးနိုင်ငံ ရင်ဆိုင်ခဲ့ရသမျှတွင် အဆိုးရွားဆုံး ‘ပြည်သူ့ဆက်ဆံရေး (PR) တိုက် ခိုက်မှု’ ဖြစ်နိုင်သည်ဟု ဖော်ပြပြောဆိုခဲ့သည်။
လက်ဝဲယိမ်း Hadash-Ta’al အစုအဖွဲ့ကို ကိုယ်စားပြုသည့် အစ္စရေးလွှတ်တော်အမတ် အိုင်ဒါ တူးမား-ဆူလေမန် (Aida Touma-Suleiman) ကမူ ‘သူတို့ (အစိုးရ)ဟာ ဒီမုဒိမ်းမှုကို ဖုံးကွယ်ထားချင်နေတာ’ ဟု အယ်လ်ဂျာဇီးယားသို့ ယခင်က ပြောကြားခဲ့ဖူးသည်။
‘ဒါကြောင့်လည်း သူတို့က ရာဇဝတ်မှုအပေါ် အာရုံမစိုက်ဘဲ တရားလိုရှေ့နေတွေကိုပဲ ကိုင်တွယ်နေကြတာ။ ဒါဟာ ဒီကနေ့ တရားစီရင်ရေး ယန္တရား လည် ပတ်နေပုံပဲ။ ဒါကိုပဲ မင်းတို့က အပြန်အလှန် ထိန်း ကျောင်းတဲ့စနစ် (Checks and Balances) လို့ ခေါ်နေကြတာလား။ ကြည့်စမ်းပါဦး၊ သူတို့ကိုယ်တိုင်က ရာဇဝတ်ကောင်တွေပဲ’ ဟု တူးမား-ဆူလေမန် က ထပ်လောင်းပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ်တွင် အဆိုပါစစ်သားများကို စတင်ဖမ်းဆီးစဉ်က အစ္စရေး၏ အစွန်းရောက်လက်ယာယိမ်း အစိုးရအဖွဲ့ဝင်များအကြား ဒေါသတကြီးဖြစ်ခဲ့ကြပြီး၊ အချို့မှာ Sde Teiman ထိန်းသိမ်းရေးစခန်းအတွင်းသို့ပါ အင်အားသုံး အတင်းအဓမ္မ ဝင်ရောက်စီးနင်းကာ ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။
၂၀၁၇ ခုနှစ်မှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း သတ်ဖြတ်ခံခဲ့ရသော ပါလက်စတိုင်းလူမျိုး ၁၅၀၀ ကျော်အနက် အစ္စရေးအာဏာပိုင်များသည် စုံစမ်းစစ်ဆေးမှု ၁၁၂ ခုကို စတင်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်မှုတစ်ခုတည်းကိုသာ ချမှတ်ခဲ့ကြောင်း ဇန်နဝါရီလတွင် ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂလူ့အခွင့်အရေးရုံး၏ အစီရင်ခံ စာတစ်စောင်တွင် ဖော်ပြထားသည်။ အစ္စရေးသည် ၎င်း၏တပ်ဖွဲ့များသည် အစ္စရေးစစ်တပ်နှင့် နိုင်ငံတကာ ဥပဒေအတွင်း လုပ်ဆောင်ကြောင်းနှင့် စွပ်စွဲထားသော အလွဲသုံးစားပြုမှုများကို သေချာစွာ စုံစမ်းစစ်ဆေးကြောင်း အစ္စရေးက ဆက်လက်ပြောဆိုထားသည်။
အခုလို စွဲချက်တွေအားလုံးကို ပယ်ဖျက်လိုက်တာဟာ အီရန်နဲ့ စစ်ပွဲပြင်းထန်နေချိန်မှာ စစ်တပ်ရဲ့ စိတ် ဓာတ်ပိုင်းဆိုင်ရာကို ထိန်းသိမ်းဖို့အတွက် လုပ် ဆောင်တာလို့လည်း လေ့လာသူအချို့က သုံးသပ်ကြပါသည်။
#PositiveAngle #IsraelPalestine #HumanRights #SdeTeiman #LegalUpdate #MiddleEastWar #MilitaryNews
Telegram»…
https://t.me/positiveanglenews
#PAN