(မှုခင်း) နိုဝင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်တွင် PDFအဖွဲ့၏ လက်နက်ငယ်ဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၃၀ ရက် ည ၇ နာရီ ၃၀ မိနစ်ခန့်တွင် ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာကျေးရွာနေ မဖြိုးဖြိုး (၁၇) နှစ်သည် ၎င်း၏နေအိမ်မှ တစ်ရွာတည်းနေ ဒေါ်ရခိုင်မ၏ နေအိမ်ဈေးဆိုင်သို့ သွားရောက်စဉ် PDF အမည်ခံအဖွဲ့က လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးအား တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN