တောင်ပိုင်းလစ်ဘနွန်တွင် အစ္စရေးက မီးစုန်းဖြူအသုံးပြုနေကြောင်း သတင်းများထွက်ပေါ်

(နိုင်ငံတကာ)မတ် ၁၁

     ယမန်နေ့က တောင်ပိုင်းလစ်ဘနွန် (South Lebanon) ဒေသ Khiam နှင့် Tal Nahas မြို့နယ်များအတွင်း အစ္စရေး၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုတွင် မီးစုန်းဖြူကျည်များ (Phosphorus Shelling) ပါဝင်ခဲ့ကြောင်း လစ်ဘနွန်နိုင်ငံပိုင် သတင်းဌာန (NNA) က သတင်းထုတ်ပြန်ခဲ့သည်။

    အဆိုပါ တိုက်ခိုက်မှုကြောင့် Al-Khiam မြို့တွင် အရပ်သားအချို့ အသက်ရှူကျပ်ခြင်း (Suffocation) နှင့် ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကြောင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

Human Rights Watch (HRW) သည် မတ်လ ၉ ရက်နေ့က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ အစ္စရေးစစ်တပ်သည် မတ်လ ၃ ရက်နေ့ ကတည်းက Yohmor မြို့ရှိ လူနေရပ်ကွက်များအပေါ် မီးစုန်းဖြူကျည်များ အသုံးပြုခဲ့ကြောင်း ဓာတ်ပုံနှင့် ဗီဒီယိုအထောက် အထားများကို အတည်ပြုခဲ့သည်။

     မီးစုန်းဖြူသည် အောက်ဆီဂျင်နှင့် ထိတွေ့ပါက အလိုအလျောက် လောင်ကျွမ်းပြီး လူ၏ ခန္ဓာကိုယ်တစ်ရှူးများကို အရိုးအထိ လောင်ကျွမ်းစေနိုင်သည့်အပြင်၊ လူနေရပ်ကွက်များတွင် အသုံးပြုခြင်းသည် နိုင်ငံတကာ ဥပဒေ (International Law) ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု HRW က ထောက်ပြထားသည်။

     ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရုံးနဲ့ လစ်ဘနွန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးညှိနှိုင်းရေးမှူးရုံး (UNSCOL) က “လူနေထူထပ်တဲ့ ရပ်ကွက်တွေမှာ မီးစုန်းဖြူကဲ့သို့သော လောင်ကျွမ်းစေတတ်တဲ့ လက် နက်တွေကို အသုံးပြုတာဟာ အရပ်သားတွေကို ကြီးမားတဲ့ အန္တရာယ်ဖြစ်စေတယ်” လို့ သတိပေးထား သည်။

     ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က အစ္စရေးအနေနဲ့ “နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ” (Internat -ional Humanitarian Law) ကို တိကျစွာ လိုက်နာဖို့နဲ့၊ အရပ်သားတွေအပေါ် ခွဲခြားမှုမရှိဘဲ ထိခိုက်စေနိုင်တဲ့ လက်နက်မျိုးကို အသုံးမပြုဖို့ ပြင်း ပြင်းထန်ထန် တိုက်တွန်းထားပါသည်။

     အစ္စရေးစစ်တပ် IDF က ၎င်းတို့အနေဖြင့် မီးစုန်းဖြူပါဝင်သော လက်နက်များကို အသုံးပြုရာတွင် “နိုင်ငံ တကာဥပဒေများနှင့်အညီသာ အသုံးပြုသည်” ဟု တုံ့ပြန်ထားပါတယ်။ မီးစုန်းဖြူကို မီးလောင်စေသောလက်နက် (Incendiary Weapon) အဖြစ်ထက် “မီးခိုးမှိုင်းကာချရန်” (Smoke-screening) နှင့် “ပစ်မှတ်အမှတ်အသားပြုရန်” (Marking) အတွက်သာ အဓိက အသုံးပြုခြင်းဖြစ်ကြောင်း ဆိုသည်။

     မီးစုန်းဖြူကျည်များဖြင့် တိုက်ခိုက်မှုကြောင့် Marjayoun နှင့် Bint Jbeil ဒေသရှိ ဆေးရုံများသို့ ရောက်ရှိလာသည့် လူနာအများစုမှာ မီးစုန်းဖြူမှထွက်သော အဆိပ်ငွေ့များကို ရှူရှိုက်မိခြင်းကြောင့် အသက်ရှူ ကျပ်ခြင်း (Suffocation)၊ ချောင်းဆိုးခြင်းနှင့် အဆုတ်အတွင်း လောင်ကျွမ်းသကဲ့သို့ ခံစားရခြင်းတို့ကို ပြင်းထန်စွာ ခံစားနေကြရသည်။ အထူးသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများမှာ အောက်ဆီဂျင် ပေးထားရသည့် အခြေအနေအထိ စိုးရိမ်ရကြောင်း ဆရာဝန်များက ဆိုသည်။

#PositiveAngle #SouthLebanon #WhitePhosphorus #IsraelLebanonWar #HumanRightsWatch #WarCrimes #BreakingNews

Telegram»…
https://t.me/positiveanglenews

#PAN