အကြမ်းဖက်PDFများ အစည်းအဝေးပြုလုပ်နေစဥ်တပ်မတော်လေမှ ဗုံးကြဲရှင်းလင်းခဲ့ရာ အကြမ်းဖက်ခေါင်းဆောင်သေဆုံး

(မှုခင်း)မတ် ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊တကူကျေးရွာအုပ်စု၊အလယ်ပိုင်းကျေးရွာတွင်
အကြမ်းဖက်PDFများ အစည်းအဝေးပြုလုပ်နေစဥ်တပ်မတော်မှလေယာဉ်ဖြင့်ဗုံးကြဲရှင်းလင်းခဲ့ကြောင်း သိရသည်။

ယမန်နေ့ မွန်းတည့်ချိန်က တကူကျေးရွာအုပ်စု၊အလယ်ပိုင်းကျေးရွာတွင် အကြမ်းဖက်PDFများ အစည်းအဝေးပြုလုပ်နေကြောင်း အတွင်းသတင်းအရ တပ်မတော်လေမှ ဗုံးကြဲရှင်းလင်ရာ အကြမ်းဖက်PDFခေါင်းဆောင်ကျော်နိုင်နှင့်PDF ၃ဦး၊ ထောက်ပို့အမျိုးသမီးတစ်ဦးအပါဝင် ၄ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၁၀ဦးကျော် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် နိုင်ငံတော်ကြီး အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကို ဖွဲ့စည်း၍ အချို့သောဒေသများတွင် မြို့၊ ရွာများအတွင်း ဝင်ရောက်ကာ တိုက်ပွဲဖော်ဆောင်ခြင်း၊ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် အစိုးရဝန်ထမ်းများ၊ သာသနာ့အကျိုးသယ်ပိုးထမ်းဆောင်လျက်ရှိသော ရဟန်းသံဃာများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ ဒေသခံပြည်သူများအား ခေါင်းစဉ်အမျိုးမျိုးတပ်၍ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။