လားရှိုးမြို့က ကျောင်းထိုင်ဆရာတော်ကို သတ်ဖြတ်ခဲ့သူတွေကို ဖမ်းဆီးရမိ

(မှုခင်း) ဇန်နဝါရီ ၃၀

ရှမ်ပြည်နယ် မြောက်ပိုင်း လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌ သီတင်းသုံးနေထိုင်သည့် သက်တော် (၆၀) ဝန်းကျင်ရှိ ဆရာတော်တစ်ပါးအား သတ်ဖြတ်ခဲ့သူနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၇ ရက်တွင် လားရှိုးမြို့ ရပ်ကွက် (၄)ရှိ မဟာဗောဓရုံ ကျောင်းတိုက်အနီးတွင် ၇တန်းကျောင်းသားတစ်စု ချိန်းပြီး ရန်ဖြစ်နေခြင်းကြောင့် ဆရာတော်မှ လေးခွဖြင့် ပစ်ပြီး တားဆီးရာ ကျောင်းသားနှစ်ဥိး၏ လက်မောင်းကို ထိမှန်ခဲ့ကြောင်း ထို့နောက် ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်းတွင် လေးခွထိမှန်ခဲ့သည့် အဆိုပါ ကျောင်းသားနှစ်ဦးသည် အငြိုးအတေးဖြင့် မဟာဗောဓရုံ ကျောင်းတိုက်ထံ ပြန်လာကာ ဆရာတော်ထံ ဆွမ်းကပ်ရန်လာသည်ဟု ပြောသဖြင့် တခြား ဦးဇင်းမှ ဘုန်းကြီးကို သွားခေါ်ပေးခဲ့ကြောင်း၊ ဘုန်းကြီး တစ်ပါးရှိနေချိန်တွင် အဆိုပါ လူငယ်နှစ်ဦးမှ တူနဲ့ထု ဓားနဲ့ ထိုးသတ်ခဲ့သွားခဲ့ကြောင်း ‌ရှမ်းသတင်းတစ်ရပ်က ဖော်ပြထားသည်။

အဆိုပါ အခင်းဖြစ်ပွားသည့်နေရာတွင် ဆရာတော်အား လုပ်ကြံသတ်ဖြတ်ခဲ့သူ ကျောင်းသားနှစ်ဦး၏ ဖုန်း ကျကျန်ခဲ့ရာမှ လုံခြုံရေးအဖွဲ့က စုံစမ်းဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ထိုကျောင်းသားနှစ်ဦးသည် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားနေသည့် (၇) တန်းကျောင်းသားများ ဖြစ်ကြကြောင်း သိရသည်။

o