ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးမိသားစုက ပျော်ဘွယ်မြို့က ဒေသခံတွေကို ဂုဏ်ပြုနေ့လည်စာစတုဒီသာနဲ့ ဧည့်ခံ

(ပြည်တွင်း) ဇန်နဝါရီ ၃၁

မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့မှာရှိတဲ့ ရပ်ကွက် ၉ ကွက်က ဒေသပြည်သူတွေကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးမိသားစုက နေ့လည်စာနဲ့ တည်ခင်းဧည့်ခံတဲ့ ဂုဏ်ပြုနေ့လည်စာစတုဒီသာ ဧည့်ခံပွဲကြီးကို ဒီနေ့မနက်ပိုင်းက ပျော်ဘွယ်မြို့မှာရှိတဲ့ မြို့နယ်အားကစားကွင်းမှာ ကျင်းပပါတယ်။

ဒီဂုဏ်ပြုဧည့်ခံပွဲကို ပျော်ဘွယ်မြို့ပေါ်က ဒေသခံအများအပြားလာရောက်သုံးဆောင်ကြပြီး လာရောက်သုံးဆောင်ကြတဲ့ ​ဒေသခံတွေကို အတီးအမှုတ်တွေနဲ့ ဧည့်ခံဖျော်ဖြေတာတွေ ကံစမ်းမဲ မဲနှိုက်ပေးတာတွေ အရသာအကောင်းမွန်မှု သန့်ရှင်းမှု နေရာထိုင်ခင်းကောင်းမွန်မှုအပါအဝင် အချက် ၁၀ အပေါ်မှာ ပထမ ဒုတိယနဲ့ တတိယဆုတွေအပြင် ဂုဏ်ပြုဆုတွေကိုလည်း ချီးမြှင့်ပေးခဲ့ ကြပါတယ်။

ဂုဏ်ပြုနေ့လည်စာ စတုဒီတာဧည့်ခံပွဲကျင်းပခဲ့မှုနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက အခုလိုပြောပါတယ်။

“ကျွန်တော်တို့ ပျော်ဘွယ်သူ ပျော်ဘွယ်သားတွေရဲ့အင်အား ကျွန်တော်တို့ရဲ့ညီညွတ်မှု ကျွန်တော်တို့ရဲ့ စိတ်ထား စေတနာဖြူစင်မှု စည်းလုံးညီညွတ်မှုတွေကို မှတ်တမ်းတင်ချင်လို့ ဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောပါတယ်။

ပြီးခဲ့ပြီး မဝေးတော့တဲ့ကာလမှာလည်း နိုင်ငံတော်က ကြီးမှူးကျင်းပတဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးအောင်မြင်အောင် ဌာနဆိုင်ရာများ ဆရာဆရာမများနဲ့ အုပ်ချုပ်ရေးမှူးများ ရွေးကောက်ပွဲကော်မရှင်နဲ့ မိဘပြည်သူတွေအားလုံး အခြေအနေအကြောင်းကြောင်းတွေကြားထဲကနေပြီးတော့ ပြည့်ပြည့်ဝဝ ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြလို့ အခုပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမှ ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး ပြီးမြောက်ခဲ့တာဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဒါကိုပျော်ဘွယ်မြို့နယ်နဲ့ ခြုံကြည့်ရင်လည်း ပြည်သူတွေရဲ့အား ပြည်သူတွေရဲ့အသိမှန်အတွေးမှန်အမြင်မှန်နဲ့အလုပ်မှန် ယူဆရမှာ တွေ့မြင်ရမှာဖြစ်ပါတယ်လို့လည်း ဦးသောင်းအေးက ပြောပါတယ်။

ဒါကြောင့် ဒီညီညွတ်စည်းလုံးမှုအားတွေကို ဆက်လက် အနာဂတ်ကာလတွေကိုအထိ သယ်ဆောင်သွားပြီးတော့ ကျွန်တော်တို့ပျော်ဘွယ်မြို့ကြီး စည်းစည်းလုံး ညီညီညွတ်ညွတ်ဒီထက်မက ဖွံ့ဖြိုးတိုးတက်ကြအောင် ဝိုင်းဝန်ဆောင်ရွက်ကြမယ်ဆိုတဲ့ ဒီစိတ်ဓာတ်တွေကိန်းအောင်းသွားရင် ကျွန်တော်တို့အလှူဒါနပြုရကျိုးနပ်ပါတယ်လို့ ကျွန်တော်ပြောလိုပါတယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ပြောဆိုခဲ့တာပါတယ်။

ပျော်ဘွယ်မြို့နယ်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) မှာပါဝင်ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အနိုင်ရရှိခဲ့ကြတာဖြစ်တယ်။

#PAN