


(ပြည်တွင်း)ဇန်နဝါရီ ၃၀
နေပြည်တော် – တောင်ညိုလမ်းပေါ်တွင် ယာဥ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိခဲ့ကြသသည့် ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့အား မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဥက္ကဌ ဦးဖိုးချစ်မှ သွားရောက် အားပေးတွေ့ဆုံခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသဘင်အစည်းအရုံး (ဗဟို) ဥက္ကဌ ဦးဖိုးချစ်သည် နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိကြသော ‘ဇော်လေးနိုင် ဇာတ်သဘင်’အဖွဲ့မှ ဒဏ်ရာရရှိသူများအား ယနေ့ နံနက်ပိုင်းက ကိုယ်တိုင်သွားရောက်တွေ့ဆုံကာ အားပေးနှစ်သိမ့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တောင်ညိုလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် တောင်တွင်းကြီးမြို့မှ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့အတွက် “မြို့ရွှေမန်းသားဖိုးချစ်” ဇာတ်သဘင်အဖွဲ့နှင့် ပရိသတ်များမှလည်း အလှုငွေ ကျပ်သိန်း (၁၀၀) တိတိကို လှုဒါန်းခဲ့ကြကြောင်း မြန်မာနိုင်ငံသဘင်အစည်းအရုံးထံမှ သိရသည်။
အလားတူ ဧရာဝတီဖောင်ဒေးရှင်းမှလည်း အလှူငွေကျပ် သိန်’ ၃၀၀ တိတိကို လှူဒါန်းထားကြောင်း သိရသည်။
ဇန်နဝါရီလ ၂၈ရက်နေ့ ညပိုင်းက ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့သားများတင်ဆောင်လာသည့် မော်တော်ယာဥ်သည် တောင်တွင်းကြီးမှ တပ်ကုန်မြို့သို့ ဖျော်ဖြေရန်အတွက် ထွက်ခွာလာစဥ် တောင်ညိုလမ်းမကြီးပေါ်မှ ချောက်ထဲ ထိုးကျခဲ့ရာ ၈ဦး သေဆုံးခဲ့ပြီး ၁၄ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။