ကျောက်ဆည် PDF စခန်းမှူးက ထွက်ပြေးတဲ့ PDF အမျိုးသမီးကို အဓမ္မပြုကျင့်ပြီး ဧရာဝတီမြစ်ထဲ ပစ်ချ သတ်ဖြတ်

(မှုခင်း) ဇန်နဝါရီ ၂၈

ကျောက်ဆည် PDF လို့အမည်တပ်ထားတဲ့ အကြမ်းဖက်အဖွဲ့က အဖွဲ့ဝင်အမျိုးသမီးတစ်ဦးကို စခန်းမှူးဆိုသူက အတင်းအဓမ္မပြုကျင့်ကာ ဧရာဝတီမြစ်ထဲကို ပစ်ချ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ခံရတဲ့ PDF အမျိုးသမီးအပါအဝင် အခြား PDF အမျိုးသမီးတစ်ဦးနဲ့အမျိုးသားတစ်ဦးတို့ဟာ ကျောက်ဆည် PDF မှာ ဆက်လက်လုပ်ဆောင်လိုစိတ်မရှိတာကြောင့် အခြား PDF အဖွဲ့တစ်ခုဖြစ်တဲ့ ငါးဇွန် PDF အဖွဲ့ဆီကို သွားရောက် ခိုလုံခဲ့ပေမယ့် ငါးဇွန် PDF အဖွဲ့ကဖမ်းဆီးပြီး ပြန်ပို့ခံရချိန်မှာ ကျောက်ဆည် PDF စခန်းမှူး ဆိုသူက အတင်းအဓမ္မပြုကျင့်ကာ သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ငါန်းဇွန် PDF အဖွဲ့က ဖမ်းဆီးပြီး ကျောက်ဆည် PDF အဖွဲ့ထံပြန်ပို့ခံရတဲ့ အဖွဲ့ဝင် ၃ ဦးဟာ သီးခြားစီချုပ်နှောင်ခံထားရသလို နေ့စဉ်နဲ့အမျှရိုက်နက် ညှင်းပန်းမှုတွေ ခံခဲ့ရပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၆ ရက် ညနေ ၇ နာရီဝန်းကျင်မှာ ကျောက်ဆည် PDF စခန်းမှူး အဏ္ဏဝါ(ခ) စောသက်နောင်ဆိုသူဟာ ထွက်ပြေးသွားတဲ့ PDF ဒေါင်းမလေးဆိုသူကို အလိုမတူပဲ အဓမ္မနှစ်ကြိမ်ပြုကျင့်ခဲ့တယ်လို့ ထွက်ပေါ်လာတဲ့သတင်းတွေက ပြောပါတယ်။ အဲဒီနောက် အောက်တိုလာလ ၇ ရက်နေ့မှာတော့ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့တဲ့  PDF ဒေါင်းမလေးကို အဝတ်အစားမပါပဲ ဧရာဝတီမြစ်ထဲကို ပစ်ချ သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။