လားရှိုးကဆရာတော်တစ်ပါး ဓားနဲ့ ၁၂ ချက်ထိုးကာ သတ်ဖြတ်ခံရ

(မှုခင်း) ဇန်နဝါရီ ၂၈

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ သက်တော် ၆၀ ဝန်းကျင်ရှိတဲ့ ဆရာတော်တစ်ပါးကို အမည်မသိ လူအုပ်စုတစ်စုက လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လားရှိုးမြို့၊ ရပ်ကွက် (၄) မှာရှိတဲ့ မဟာဗောဓရုံ ကျောင်းတိုက်အတွင်းမှာ ဇန်နဝါရီလ ၂၈ ရက် ဒီနေ့မနက် ၆ နာရီခွဲအချိန်မှာဖြစ်ပွားခဲ့တယ်လို့သိရပြီး ဆရာတော်ရဲ့ ဝမ်းဗိုက်နဲ့ ဦးခေါင်းမှာ ဒဏ်ရာတွေများစွာတွေ့ရတယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ပြောဆိုချက်တွေအရ ဆရာတော်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဓားဒဏ်ရာ (၁၂) ချက်အထိ ထိုးနှက်ခံထားတဲ့အပြင် ဦးခေါင်းကိုလည်း တူနဲ့ ထုရိုက်ထားသလို သွားတွေကိုပါ ရိုက်ချိုးထားတဲ့  ဒဏ်ရာတွေံနဲ့ ပျံလွန်တော်မူခဲ့တာလို့လည်း သိရပါတယ်။

သက်ဆိုင်ရာတာဝန်ရှိသူတွေကတော့ အမှုမှန်ပေါ်ပေါက်ရေးနဲ့ တရားခံအမြန်ဖမ်းမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

#PAN