(မှုခင်း) ဇန်နဝါရီ ၂၈
ကျောင်းသားအချင်းချင်း ရန်ဖြစ်စကားများရာကနေ ကျောင်းသားတစ်ဦးသေဆုံးမှု ရွှေပြည်သာမြိုနယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှာ မနေ့က ဇန်နဝါရီလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

သေဆုံးသူဟာ အသက် ၁၃ နှစ်အရွယ် Grade -7 ကျောင်းသား မောင်မိုးသူရိန် ဖြစ်တယ်တယ်လို့သိရပြီး ကျောင်းမုန့်စားဆင်းချိန် စုဖွဲကစားကြရာက အုပ်စုဖွဲ့ အနိုင်ကျင့်ကာ ဝိုင်းဝန်းချုပ်နှောင်ထိုးကြိတ်ကြရာကနေ သေဆုံးခဲ့ရတာလို့လည်း ပြောဆိုကြပါတယ်။
ဒါအပြင် ကျောင်းမုန့်စားဆင်းချိန်မှာ ကစားရင်း အမောဖောက်ပြီး ဆုံးတာလို့လည်း ပြောဆိုနေတာတွေရှိနေတာကြောင့် ဖြစ်စဉ်မှန်ကို မသိရသေးပါဘူး။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး မီဒီယာတစ်ခုက သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ Viber ကတဆင့် သက်ဆိုင်ရာဝန်ကြီးဌာနထံကိုမေးမြန်းထားတာတွေ့ရပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြစ်စဉ်မှန် သိရှိရပါက ပြန်လည်ဖော်ပြပေးမှာဖြစ်ပါတယ်။
#PAN