
(ပြည်တွင်း) ဒီဇင်ဘာ ၁
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီးလင်း-နတ်ကြီးသွား ကားလမ်းပေါ်က အလျား ၅၀ ပေ၊ အကျယ် ၂၄ ပေ၊ အမြင့် ၁၂ ပေခန့်ရှိတဲ့ သံကူကွန်ကရစ် အမျိုးအစား ရင်းအုံတံတားကို KNU/ PDF က မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်နေ့ မနက် ၆ နာရီ ၂၀ မိနစ်က ကရင်လက်နက်ကိုင် KNU နဲ့ PDFအကြမ်းဖက်ပူးပေါင်းအဖွဲ့တွေက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ကြတာကြောင့် တံတားသစ်သားအခင်းနဲ့ ကွန်ကရစ်ရက်မတွေ အားလုံးပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်ကလည်း အဆိုပါတံတားကို အကြမ်းဖက်သမားတွေက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ပြီး အများပြည်သူသွားလာရေး အခက်အခဲတွေဖြစ်ပေါ်ခဲ့လို့ ဒေသခံ ပြည်သူတွေက ဆက်သွယ်မှုသွားလာလွယ်ကူစေဖို့အတွက် ပြန်လည်ပြင်ဆင်ထားရှိခဲ့ကြတယ်လို့သိရပြီး အခုချိန်မှာ တံတားကို ထပ်မံပြီး မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြတာဖြစ်ပါတယ်။
ယင်းအုံတံတား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးမှုကြောင့် လူနဲ့မော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာဖို့ အခက်အခဲတွေ ဖြစ်ပေါ်နေတာကြောင့် တံတားကို အမြန်ဆုံးပြင်ဆင်နိုင်ရေး တာဝန်ရှိသူတွေဆက်လက် ဆောင်ရွက်နေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ နယ်မြေဒေသတည်ငြိမ်းအေးချမ်းရေးအတွက် လိုအပ်တဲ့ လုံခြုံရေးလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။