ရေနံလုပ်သားနှစ်ဦးကို PDF ဖမ်းဆီး

(ပြည်တွင်း) နိုဝင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး ‌ ချောက်မြို့နယ်က မြန်မာ့ရေနံမြေနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း(ရေနံချောင်း) က ဝန်ထမ်းနှစ်ဦးကို PDF အကြမ်းဖက်သမားတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့  နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၇ နာရီအချိန်ခန့်က ချောက်မြို့နယ်ရဲ့ အရှေ့မြောက်ဘက် ၆ မိုင် ခန့်အကွာ၊ မြန်မာ့ရေနံမြေနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း(ရေနံချောင်း) လုံခြုံရေးဌာနက လုပ်သားဦးအောင်ကျော်မိုးနဲ့ Gold Petrol Company က ဝန်ထမ်း ဦးမြင့်ဦးတို့ဖမ်းဆီးခံခဲ့ရတာလို့ လုံခြုံရေးနဲ့နီးစပ်သူတွေထံက သိရပါတယ်။

အဆိုပါ ရေနံလုပ်သားတွေကို ချောက်မြို့နယ် စလယ်ကျေးရွာဘက်ကို PDF ၅ ဦးခန့်က ဆိုင်ကယ်နဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောဆိုထားပြီး အခုအချိန်အထိ လွတ်မြောက်မှုမှရှိသေးဘူးလို့လည်း ဒေသခံတွေဆီက သိရပါတယ်။

PAN