ဘုရားဖူးကားကို KNU မိုင်းဆွဲတိုက်ခိုက်

(ပြည်တွင်း) နိုဝင်ဘာ ၁၄

ဧရာဝတီတိုင်းကနေ ပေါင်မြို့နယ်ဘက်ကို ဘုရားဖူးသွားမယ့် အရပ်သားကားတစ်စီးကို ကရင်လက်နက်ကိုင်အဖွဲဲ့က မိုင်းခွဲဖျက်စီးလိုက်တယ်လို့ သိရပါတယ်။

ဘီးလင်းမြို့နယ် ဒေါက်ရပ်ကျေးရွာအုပ်စု၊ ဒေါက်ရပ်ကျေးရွာအနီး၊ ရန်ကုန်- မော်လမြိုင် ပြည်ထောင်စုကားလမ်း မိုင်တိုင် အမှတ် – ၁၂၉ / ၃ နဲ့ ၄ အကြားမှာ နိုဝင်ဘာ ၁၂ ရက်နေ့ မနက်အစောပိုင်း ၁၂ ကျော်လောက်မှာဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ဘီးလင်းဘက်ကနေ သထုံဘက်ကို ယာဉ်မောင်း ဦးအောင်နိုင်စိုး မောင်းနှင်လာတဲ့ Nissan CABSTAR အမျိုးအစား အပြာရောင်ယာဉ်ဟာ ပေါင်မြို့နယ်၊ သဲအိမ်ကျေးရွာ၊ စမ္ပါနဂိုရ်ဘုန်းကြီးကျောင်းကိုသွားရောက်ဖို့ မောင်းနှင်လာစဉ် ဒေါက်ရပ်ကျေးရွာ အနီးအရောက်မှာ KNU/ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်၊ မုဆိုးကွင်းကျေးရွာ၊ ဘုရားကုန်း ကျေးရွာအုပ်စုမှာနေထိုင်တဲ့ မတင်တင်ဝင်း ၊ ၃၁ နှစ်ရဲ့ ဝဲပေါင် မိုင်းစရှပ်ထိ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။

#PAN