နေပြည်တော်တွင် တွဲကားမှ ဆိုင်ကယ်တစ်ဦးအား ဝင်တိုက်မိရာ နှစ်ဦးသေ တစ်ဦးဒဏ်ရာရ


(မှုခင်း) ဇူလိုင် ၁၉

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ်(၂၃၈/၂-၃)ကြား ဗောဓိမြိုင်ကျေးရွာအနီးတွင် ဆိုင်ကယ်တစ်စီးအား တွဲကားမှ ဝင်ရောက်တိုက်မိရာ လူ နှစ်ဦးသေဆုံးသွားကြောင်း သိရသည်။

ယနေ့ မွန်းလွှဲ ၃ နာရီ ၄၀ မိနစ်အချိန်ခန့်က တပ်ကုန်းဘက်မှ ပျဉ်းမနားဘက်သို့ တွဲကားသည် ပျဉ်းမနားဘက်မှ တပ်ကုန်းဘက်သို့ မျက်နှာချင်းဆိုင်မောင်းနှင်လာသော အသက် (၃၀)နှစ်အရွယ် အမည်မသိအမျိုးသားမောင်းနှင်ကာ နောက်တွင် အသက်(၁၅)နှစ်ခန့်နှင့် (၁၂)နှစ် ခန့် ယောင်္ကျားလေးများလိုက်ပါလာပြီး ဘူးခွံပုလင်းခွံများ ထည့်ထားသည့် ဆာလာအိတ်(၁)လုံး သယ်ဆောင်လာသည့် ဆိုင်ကယ်အမှတ်မပါ Kenbo 110 အနက်ရောင် ဆိုင်ကယ်အားတိုက်မိပြီး မောင်းနှင်ထွက်ပြေးသွား ခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ဆိုင်ကယ်အမှတ်မပါ Kenbo 110 အနက်ရောင်ဆိုင်ကယ်သည် တစ်စီးလုံးကြေမွပျက်ဆီးပြုတ်ထွက်ခဲ့ရာ ဆိုင်ကယ်မောင်း အမည်မသိ အသက်(၃၀)နှစ်ခန့် ယောင်္ကျားလေးတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ဝဲလက်ဖူးယောင်ဒဏ်ရာ၊ ယာဒူးပွန်းပဲ့ဒဏ်ရာများနှင့် ဆိုင်ကယ်ပေါ်ပါ အသက်(၁၂)နှစ်ခန့် ယောင်္ကျားလေးတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာ၊ ဝဲလက်ဖူးယောင် ဒဏ်ရာ၊ ဝဲဒူးဖူးယောင်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ကြောင်း ၊ အသက်(၁၅)နှစ် အရွယ်ယောင်္ကျားလေးတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက် ဒဏ်ရာ(စိုးရိမ်ရ)ဒဏ်ရာများရရှိပြီး နေပြည်တော်ကုတင် (၁၀၀၀)ဆေးရုံသို့ ပို့အပ်ထားရှိထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN