*******************
(နိုင်ငံတကာ) ဇူလိုင် ၁၃

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် ဇူလိုင်လ ၁၁ ရက်တွင် ရေဘေးနှင့်ရင်ဆိုင်ခဲ့ရသည့် တက္ကဆက် ပြည်နယ် အလယ်ပိုင်းဒေသများသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
တက္ကဆက်ပြည်နယ် အလယ်ပိုင်းခရီးစဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် ရေဘေးနှင့် ပတ်သက်၍ ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရတို့က ကိုင်တွယ်တုံ့ပြန်ခဲ့ပုံကို ပြောကြားခဲ့ကြောင်း သိရသည်။
ရေဘေးသင့် ကားရ်ကောင်တီဒေသ၌ နယ်ခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် သမ္မတ ဒေါ်နယ်ထရမ့် က တက္ကဆက်ပြည်နယ်အုပ်ချုပ်ရေးမှူး ဂရက် အက်ဘော့ နှင့် အမိမြေလုံခြုံရေးဝန်ကြီး ခရစ္စတီနိုအမ် တို့၏ ရေဘေး ကိုင်တွယ်တုံ့ပြန်ပုံကို ချီးကျူးခဲ့သည်။
တက္ကဆက်ပြည်နယ် ရေဘေးတွင် ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်တာဝန်ရှိသူများအနေဖြင့် ဒေသခံပြည်သူ များကို ကြိုတင်သတိပေးရန်နှင့် အကာအကွယ်ပေးရန် လုံလုံလောက်လောက်လုပ်ဆောင်မှုမရှိခဲ့ကြောင်း ဝေဖန်မှုများ ပေါ်ထွက်လျက်ရှိသည်။
ယင်းအပြင် ဖက်ဒရယ်အရေးပေါ်အခြေအနေ စီမံခန့်ခွဲရေးအေဂျင်စီ အသုံးစရိတ်များကို အမေရိကန်အစိုးရက လျှော့ချထားမှုကြောင့် တက္ကဆက်ရေဘေး ပြင်းထန်ဆိုးရွား ခဲ့ရကြောင်းလည်း လေ့လာသူအချို့က ဝေဖန်ထားသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ဖြစ်ပွားခဲ့သော တက္ကဆက်ပြည်နယ် ရေဘေးများအတွင်း အနည်းဆုံး လူပေါင်း ၁၂၀ သေဆုံးခဲ့ရကြောင်းသိရသည်။
#PAN