(ပြည်တွင်း) ဇူလိုင် ၁၃

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်ရှိ ကျောင်းဆောင်များ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်နိုင်ရန် သီတဂူ ဆရာတော်ကြီးက အလှူငွေကျပ် သိန်း ၁,၀၀၀ လှူဒါန်းခြင်းအခမ်းအနားကို ဇူလိုင်လ ၁၂ ရက် မွန်းလွဲပိုင်းတွင် အဆိုပါမစိုးရိမ်တိုက်သစ်ရှိ ဓမ္မထေရိယ သီရိရွှေစင်ကျောင်း၌ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဓမ္မထေရိယ သီရိရွှေစင်ကျောင်းဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုခဲ့တယ်လို့ သိရပါတယ်။
မစိုးရိမ်တိုက်သစ်ရှိကျောင်းဆောင်များ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်နိုင်ရန်အတွက် သီတဂူဆရာတော် ကြီးက လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၁,၀၀၀ ကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ရှိသူများက လက်ခံရယူပြီး ဆရာတော်၊ သံဃာတော်များအတွက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နဝကမ္မဝတ္ထုငွေများကို တာဝန်ရှိသူထံ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Telegram»…
https://t.me/positiveanglenews