(မှုခင်း) ဇွန် ၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊စဉ့်ကူကျေးရွာအုပ်စု၊ရွာမ(မြောက်)ရပ်၌ အရပ်သားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံရကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ နံနက်၅နာရီအချိန်ခန့်က ဦးထွန်း(ခ)ထွန်းထွန်းနိုင်၊၄၉နှစ်၊(ဘ) ဦးပြူး၊တောင်သူ၊ရွာမ(မြောက်)ရပ် နေထိုင်သူသည် ၎င်း၏နေအိမ်တွင်ရှိနေစဉ် ရွာ၏ မြောက်ဘက်၊ပြည်တော်သာကျေးရွာဘက်မှ အကြမ်း ဖက် PDF ၅ဦးခန့်သည် သေနတ်များ ကိုင်ဆောင်လျက် ဆိုင်ကယ် ၃စီးဖြင့် ရောက်ရှိလာပြီး နေအိမ်သို့ ဝင်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်ပြီး အကြမ်းဖက် PDF များမှာ လာရာလမ်းအတိုင်း ပြန်ထွက်သွားကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက်PDFအဖွဲ့၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဦးထွန်း(ခ)ထွန်းထွန်းနိူင်တွင် ယာဘက်နားထင် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ယာဘက်ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။
ညောင်ဦးမြို့နယ်တွင် အကြမ်းဖက်PDFအဖွဲ့မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ဝန်ထမ်းများအား နေ့စဥ်နီးပါး အလွယ်တကူ လုပ်ကြံသတ်ဖြတ်လျက်ရှိကြောင်း၊ ဇွန်လ၁ရက်နေ့တွင်လည်း ပဌန်းအတွက် အစည်းဝေးလုပ်နေသည့် ရပ်မိရပ်ဖ ၆ဦးအား ရက်ရက်စက်စက် သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်း သိရသည်။
#PAN