အသက်၇၀ကျော် အဘိုးအိုတစ်ဦးအား PDFအဖွဲ့မှ ဒလန်ခေါင်းစဥ်တပ် ဖမ်းဆီးခေါ်ဆောင်


(မှုခင်း) ဇွန် ၃

မန္တလေးတိုင်းဒေသကြီး ၊ငါန်းဇွန်မြို့နယ်၊ အိုင်သာကျေးရွာအုပ်စု၊အိုင်သာကျေးရွာမှ အသက်၇၀ကေျာ်အဘိုးအိုတစ်ဦးအား အကြမ်းဖက်PDFအဖွဲ့မှ ဒလန်ခေါင်းစဥ်တပ်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရသည်။

ဇွန်လ ၁ရက်နေ့ ည၉နာရီအချိန်ခန့်က အိုင်သာကျေးရွာနေ ဦးခင်ငြိမ်း၊၇၇နှစ်၊(ဘ)ဦးဘိုနီသည် မိသားစုနှင့်အတူ နေအိမ်၌ရှိနေစဉ် အကြမ်းဖက် PDF ၂၀ဦးခန့်ရောက်ရှိလာပြီး ဦးခင်ငြိမ်းအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊အဆိုပါဖမ်းဆီးခံရသူ ဦးခင်ငြိမ်းသည် ယခင် မြန်မာ့ဆိုရှယ် လစ်လမ်းစဉ်ပါတီခေတ်က ငါန်းဇွန်မြို့နယ်ပြည်သူ့ကောင်စီ(လုပ်ငန်းစစ်ဆေးရေး)အလုပ်အမှုဆောင်တစ်ဦးဖြစ်ပြီး ဒလန်ခေါင်းစဉ်တပ်ကာ အကြမ်းဖက် PDF များက ဖမ်း ဆီးသွား‌​ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးခံရသူ ဦးခင်ငြိမ်းနှင့်ပတ်သက် ၍ သတင်းတစ်စုံတစ်ရာ မရရှိသေးကြောင်း ယမန်နှစ်ကလည်း အသက် ၈၀ ကျော်အဘွားအိုးတစ်ဦးကိုလည်း ဒလန်ဟုဆိုကာ သေနတ်ဖြင့်ပစ်သတ်သွားကြောင် သိရသည်။