(မှုခင်း) သြဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ယင်းသာစည်(န)ကျေးရွာတွင် ထွန်စက်ပေါ်မှ ပြုတ်ကျပြီး စက်သွားနှင့် ခုတ်မိသဖြင့် အမျိုးသား ၁ ဦးသေဆုံးသွားကြောင်း သိရသည်။
ဩဂုတ်လ ၂ ရက်နံနက် ၆ နာရီအချိန်ခန့်က မကွေးမြို့ ယင်းသာစည်(န)ကျေးရွာနေ ကိုသန်းဝင်အောင် (၄၂)နှစ်သည် ကျေးရွာအနီး လယ်ကွင်းအတွင်း စက်ခုတ်နေသည့် ထွန်စက်ပေါ်သို့ ထွန်စက်မောင်းသူ၏ဘေးတွင် လိုက််စီးစဥ် အိပ်ငိုက်ပြီး ပြုတ်ကျခဲ့ရာ ဘီးဖြင့်ကြိတ်မိပြီးနောက် ဓားသွားစက်ဖြင့် ထပ်မံ ခုတ်ခံရကြောင်း သိရသည်။
အဆိုပါ လယ်ထွန်စက်ကြိတ်မိပြီး ထွန်စက်ဓားသွားဖြင့် ခုတ်မိမှုကြောင့် ကိုသန်းဝင်းအောင်တွင် ဦးခေါင်းကြေမွကာ ဝမ်းဗိုက်ပွင့်ထွက်ပြီး အခင်းဖြစ်နေရာတွင်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း၊ သေဆုံးသူ၏ရုပ်အလောင်းအား လူမှုကူညီရေးအသင်းယာဥ်ဖြင့် မကွေးပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN