ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ကားနှစ်စီး တိုက်မိ

(မှုခင်း) သြဂုတ် ၂

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ကားနှစ်စီး တိုက်မိခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က သုဝဏ္ဏဝတီမြို့ သိမ်ဆိပ်ရပ်ကွက်၊ လေသာလမ်းဝအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် ဘီးလင်းဘက်မှ သထုံဘက်သို့ ယာဉ်မောင်း သထုံမြို့နေ အောင်ကိုဟိန်း အရှိန်ပြင်းစွာမောင်းနှင်လာသော MITSUBISH အဖြူ‌ရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ သထုံဘက်မှ ဘီးလင်းဘက်သို့ ယာဥ်မောင်း သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရွှေဟင်္သာရပ်ကွက်နေ ကိုသာချို မောင်းနှင်ပြီး ယာဥ်အနောက်တွင် တစ်ရပ်ကွက်နေ ဒေါ်မြင့်မြင့် လိုက်ပါစီးနင်းလာသည့် BUSUKI CARRY အမျိုးအစား ဖြူ/ပြာရောင် ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ကာ ယာဉ်နှစ်စီး တိမ်းမှောက်ခဲ့သည်။

အဆိုပါယာဥ်တိုက်မှုကြောင့် ကိုသာချိုတွင် နဖူးထိပ်ပေါက်ပြဲ(မစိုးရိမ်ရ) ဒဏ်ရာရရှိပြီး ဒေါ်မြင့်မြင့်မှာ နဖူးထိပ်ဖူးရောင် ဒဏ်ရာ၊ ယာနားရွက်ပြတ်ထွက်(စိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ကြောင်း ၊ဒဏ်ရာရရှိသူများကို ပီတိနှလုံးသားလူမှုကယ်ဆယ်ရေးအသင်း(နောင်ဘို) ပိုင်လူနာတင်ယာဉ်ဖြင့် သိမ်ဆိပ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယာဥ်တိုက်မှုဖြစ်ဖြစ်စဉ်မှယာဉ်အားမဆင်မခြင်အရှိန်ပြင်းစွာမောင်းနှင်သူယာဉ်မောင်းဖြစ်သူအောင်ကိုဟိန်းအားအမှုဖွင့်အရေးယူစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။

Telegram – t.me/positiveanglenews

#PAN