(ပြည်တွင်း) မေလ ၂၃

မကွေးတိုင်းဒေသကြီး မကွေးခရိုင် မြို့သစ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၉၂)ကျောင်းရှိပြီး ကျောင်းအားလုံးတွင် ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် အ.ထ.က(၁၁)ကျောင်း၊ အ.ထ.က-ခွဲ(၁၈)ကျောင်း၊ အ.လ.က(၃၀)ကျောင်း၊ အ.လ.က-ခွဲ(၂၉)ကျောင်း၊ မူလွန်ကျောင်း(၄၀)ကျောင်း၊ အ.မ.ကကျောင်း(၅၅)ကျောင်း၊ အ.မ.က-ခွဲ(၇)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၁)ကျောင်း၊ ဘ/ကကျောင်း(၁)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်းပေါင်း(၁၉၂)ကျောင်းရှိသည်ဟု သိရသည်။
မြို့သစ်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ကို မေလ(၂၂)ရက်နေ့မှဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
မြို့သစ်မြို့နယ် တစ်မြို့နယ်လုံးတွင် ကျောင်းမဖွင့်နိုင်သော စာသင်ကျောင်းမရှိပဲ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများအားလုံး ကျောင်းဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းအားလုံး ကျောင်းအပ်လက်ခံလျက်ရှိသည်ဟုသိရသည်။
Telegram»…
https://t.me/positiveanglenews