(ပြည်တွင်း) မေလ ၂၃

လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်အတွင်းမှာ အရေးပေါ်ကာလသတ်မှတ်ထားပြီး စစ်မှုထမ်းဖို့အကျုံးဝင်ပြီး စစ်မှုမထမ်းလိုဘဲ ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ရခိုင်လူငယ်တွေအတွက် ပြည်နယ်ပြင်ပ ထွက်ခွာသွားရောက်ခွင့်ကို တားမြစ်လိုက်ကြောင်း ယမန်နေ့ မေလ ၂၂ ရက်နေ့က ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ AA အဖွဲ့က တားမြစ်လိုက်ပါတယ်။
ရခိုင်လူငယ်တွေမှာ မိမိတို့ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အပေါ်မှာ အဓိပ္ပာယ်ကောက်လွဲမှားပြီး တိုင်းပြည်တာဝန်ကို ရှောင်လွဲဖို့ ကြိုးစားအားထုတ်လာကြတာကြောင့် အခုလိုတားမြစ်ချက် ထုတ်ပြန်ရတာဖြစ်တယ်လို့ AA အဖွဲ့က ပြောပါတယ်။
ကျိုးကြောင်းဆီလျော်မှုမရှိတဲ့ အကြောင်းပြချက်တွေနဲ့ အာရက္ခဒေသအတွင်းက နေရပ်စွန့်ခွာလိုကြသူတွေနဲ့ NDEP ရဲ့ ပြဋ္ဌာန်းချက်အရ စစ်မှုထမ်းဖို့အကျုံးဝင်ပြီး စစ်မှုမထမ်းလိုတဲ့ ရခိုင်ပြည်နယ်ရဲ့ ပြင်ပကို ထွက်ပြေးဖို့ ကြိုးစားနေကြသူတွေကို သွားလာခွင့်မပြုဘူးလို့ ဆိုပါတယ်။
AA ဆေးအဖွဲ့မှ ကုသမပေးနိုင်တဲ့ ပြင်းထန်ရောဂါရှိတဲ့ လူနာတွေ၊ အသက်အန္တရာယ်စိုးရိမ်ရတဲ့ လူနာတွေကလွဲပြီး အမျိုးသမီး ၁၈ နှစ်ကနေ ၂၅ နှစ်အအတွင်း အမျိုးသား ၁၈ နှစ်ကနေ ၄၅ နှစ်အထိဖြစ်တဲ့ စစ်မှုထမ်းမှာ အကျုံးဝင်သူတွေကို အရေးပေါ်ကာလတွေ ပြီးဆုံးတဲ့အချိန်အထိ ပြည်နယ်ပြင်ပ ထွက်ခွာခွင့်ကို တားမြစ်လိုက်တာလည်း ဖြစ်ပါတယ်။
အဆိုပါ ထွက်ပြေးတိမ်းရှောင်လိုကြသူကို ကုန်းလမ်းရေလေးတွေက အခကြေးငွေရယူပြီး သယ်ယူပို့ဆောင်ပေးနေကြသူတွေကို တားမြစ်လိုက်ပါပြီး တွေ့ရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမယ်ဆိုလည်း ထုတ်ပြန်က ခြိမ်းခြောက်ထားသည်။
ဒါ့အပြင် အခြေခံစားသောက်ကုန် ရောင်းဝယ်ရေးကုန်သည်တွေ၊ နွားကုန်သည်တွေ၊ နွားအချေ အငှားလိုက်သူ ကုန်သည်တွေအနေနဲ့လည်း သွားလာကြတဲ့အချိန်တွေမှာ လူပိုတွေ ခေါ်ဆောင်တာတွေ၊ အခကြေးငွေယူပြီး လူကယ်ရီပို့ဆောင်တာတွေ မပြုလုပ်လုပ်ဖို့ကိုလည်း သတိပေးတားမြစ်ထားပါတယ်။
လက်ရှိအချိန်မှာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဖြစ်ပေါ်လာတဲ့အခြေအနေတွေကို အရေးပေါ်ကာလအဖြစ် သတ်မှတ်ထားပြီး ရခိုင်လူငယ်တွေ ပြည်နယ်ပြင်ပ ထွက်ခွာခွင့်ကို ပိတ်ပင်ထားပေမယ့် အရေးပေါ်ကာလကို ပြန်လည်ရုပ်သိမ်းမယ့်အချိန်ကို ထပ်မံအသိပေးသွားမှာဖြစ်တယ်လို့လည်း AA အဖွဲ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews