မဟာအောင်မြေမြို့နယ်တွင် ကလေးငယ်တစ်ဦး ဓာတ်လိုက်သေဆုံး


(မှုခင်း) မေလ ၂၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့ရပ်ကွက်၊ ၈၉ လမ်း၊ ၄၂×၄၃ လမ်းကြား၊ အကွက်(၄၁၁)၌ ယမန်နေ့ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ခန့်က ကလေးငယ်တစ်ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ မသွန်းဝတီထွန်း၊ ၈ နှစ်၊(ဘ)ဦးဖိုးသားသည် နေအိမ်ရှေ့တွင် မော်တာနှင့်တွဲလျက် လျှပ်စစ်မီးလွတ်ထားသော ရေဘုံဘိုင်လက်ကိုင်အား ကိုင်တွယ်ဆော့ကစားစဥ် ဓါတ်လိုက်သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN