မိုးရာသီမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာများ

(ကျန်းမာရေး) မေ ၂၃

      နွေရာသီ၊ ဆောင်းရာသီတွေမှာ အရေပြားခြောက် သွေ့ခြင်း၊ အသားပပ်ခြင်းစတဲ့ အရေပြားပြဿနာတွေ ကြုံတွေ့ရသလိုပဲ မိုးရာသီမှာလည်း အရေပြားပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။ စိုစိုစိစိဖြစ်နေတဲ့ရေတွေ၊ ဗွက်တွေကြား သွားလာရင်း ထိတွေ့ရတာနဲ့ မိုးရေတွေ ထိပြီး ဦးရေပြား ယားယံတာတွေလည်း ရှိနိုင်ပါတယ်။ ဒီနေ့ PAN ပရိတ်သတ်များအတွက် ကျန်းမာ ရေး ဗဟုသုတရစေဖို့ ကျန်းမာရေးကဏ္ဍကနေ မိုးရာသီမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာများအကြောင်း ကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

      မိုးရာသီ စိုစိုစွတ်စွတ်မှာ ဘက်တီးရီးယားတွေလည်း ပိုမိုပေါက်ဖွားလွယ်ပါတယ်။ ဒီဘက်တီးရီးယားတွေကြောင့် ခြေထောက် နဲ့ ခြေသည်းကြားမှာ မှိုစွဲတာတွေဖြစ်တတ်ပါတယ်။ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေမှာ အလာ့ဂျစ်ဖြစ်ခြင်းတွေက မိုးရာသီမှာ ပိုဖြစ်ပါတယ်။ ဒါက ပတ်ဝန်းကျင်ရဲ့ သန့်ရှင်းမှုနဲ့လည်း သက်ဆိုင်ပါတယ်။

မိုးရာသီမှာ ဖြစ်တတ်တဲ့ အရေပြားပြဿနာများ

၁။    ဝက်ခြံ ။ မိုးရာသီမှာ ဝက်ခြံတွေ ပိုပြီး အဖြစ်လွယ်ပါတယ်။ စိုစွတ်နေတဲ့ မိုးရာသီမှာ ပတ်ဝန်း ကျင် သန့်ရှင်းမှုက အရမ်းကို အရေးကြီးပါတယ်။ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကို လက်နဲ့ ထိမိပြီး မျက်နှာကို ကိုင် တွယ်မိတဲ့အခါမှာ ဝက်ခြံတွေ အရမ်းကို ဖြစ်လွယ်ပါတယ်။ မျက်နှာ အသား အရေဟာလည်း မိုးရာသီမှာ ခြောက်သွေ့နေမှာ မဟုတ်တာကြောင့် ဘက်တီးရီးယားတွေ ပျော်ပျော်ကြီး နေရာ ယူနေမှာပါ။ ဒါကြောင့် မျက်နှာကို သန့်ရှင်းအောင် ထားပါ။

၂။     ဦးရေပြား ယားယံခြင်း ။ မိုးရာသီကို အမျိုး သမီးတွေ စိတ်ကုန်တဲ့ အချက် တစ်ချက်ကတော့ ဦးရေပြား ယားယံခြင်း ဖြစ်နိုင်ပါတယ်။ မိုးရေခေါင်းထဲကို ထိပြီဆိုတာနဲ့ ဦးရေပြား ယား ယံခြင်းတွေ ဖြစ်လာပါပြီ။ ဒီလိုမျိုး မိုးရာသီမှာ ဦးရေပြား ယားယံခြင်းကို ကာကွယ်ဖို့ဆိုရင်တော့ ပန်းသီးရှာလကာရည်ကို ရေလေးနဲ့ရောကာ ဦးရေပြားမှာ လိမ်းပါ။နောက်တော့ ခေါင်းလျှော် ရည်နဲ့ ခေါင်းလျှော်ပါ။

၃။     နီရဲရောင်ရမ်းခြင်း ။ မိုးရာသီမှာ ဘက်တီးရီးယားတွေနဲ့ မှိုကပ်စွဲမှုတွေ ပိုဖြစ်တာကြောင့် မျက် နှာမှာ နီရဲရောင်ရမ်းခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ဒီပြဿနာတွေကိုဖြေရှင်းဖို့အတွက်တော့ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထူးဂရုစိုက်ဖို့ လိုပါတယ်။ မျက်နှာမှာ အဆီထွက်ခြင်းတွေ လျော့ကျစေဖို့အတွက်လည်း ဂရုစိုက်ပါ။ ဒါဆိုရင်တော့ မျက်နှာမှာ နီရဲရောင်ရမ်းခြင်းတွေ သက်သာမှာပါ။

၄။     ခြေသည်းမှိုစွဲခြင်း ။ ခြေသည်းနဲ့ ခြေ ထောက်မှာ မှိုစွဲတဲ့ အခါမှာ သဲဝဲစားခြင်း၊ ဝဲပေါက်ခြင်း၊ ခြေ သည်းကြား သဲတွေဝင်ပြီး ခြေစွယ်ငုတ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ခြေထောက်မှာ အနာဖြစ်နိုင်တဲ့ အပြင် ပြည်တည်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ မိုးရေထဲမှာ လျှောက်သွားတာကြောင့် ဘက်တီးရီးယားတွေ ကပ်ညှိလာပြီး ဖြစ်တာပါ။

      ဒါတွေကို ကြိုတင်ကာကွယ်ဖို့အတွက် ဆိုရင်တော့ မိုးရေနဲ့ ထိပြီးတိုင်း ခြေထောက်ကို ပြောင် စင်အောင် ဆေးကြောရပါမယ်။ ခြေသည်းကြားလေးတွေကိုလည်း ဂရုတစိုက် ဆေးကြောရပါမယ်။

      မိုးရာသီမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေကို သိထားပြီးပြီ ဆိုတော့ ကြိုတင်ကာကွယ် ခြင်းတွေ ပြုလုပ်လို့ ရပါတယ်။ အဓိကကတော့ မိုးရာသီမှာအရေပြား သန့်ရှင်းအောင် ဂရုစိုက်ဖို့ ပါပဲ။
(Crd; Hello Sayarwon)

#PAN