မရမ်းကုန်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သံအမတ်(ငြိမ်း)တစ်ဦး သေဆုံး


(မှုခင်း) မေလ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဥ်မှာ ယနေ့ မေလ ၂၂ ရက်နေ့ နံနက် (၉)နာရီအချိန်ခန့်တွင် အမှတ်(၄၅)၊ ရွှေနှင်းဆီ(၅)လမ်းနေ အငြိမ်းစားသံအမတ်ကြီး ဗိုလ်ချုပ်ချိုထွန်းအောင်(ငြိမ်း)၏ နေအိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်​ချိုထွန်းအောင်(ငြိမ်း)မှာ ခြံရှေ့သရက်ပင်မှ သရက်သီးမှည့်များခူး၍ အိမ်နီးချင်းများအား ဝေငှနေစဥ် မျက်နှာတွင် Mask တပ်ထားသော အမည်မသိ သေနတ်သမား (၂)ဦး ရောက်ရှိ လာပြီး အနီးကပ်ပစ်ခတ်ထွက်ပြေးသွားကြောင်း သိရသည်။

ထိုပစ်ခတ်မှုကြောင့် ဗိုလ်ချုပ်​ချိုထွန်းအောင်(ငြိမ်း)မှာ သေနတ်ဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် တာဝန်ရှိသူများက အခင်းဖြစ်ပွားရာနေရာမှ လဲကျသွားသဖြင့် မင်္ဂလာဒုံစစ်ဆေးရုံသို့ ပို့ဆောင်စဥ် လမ်း၌ပင် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းပစ်ခတ်မှုဖြစ်ပွားရာနေရာကို တာဝန်ရှိသူများက လာရောက်စစ်ဆေးရာတွင် Luger ကျည်ခွံ (၆)ခု၊ Lugague ကျည်(၂)တောင့် နှင့် ထိပ်ဖူးတစ်ခုတို့ကိုတွေ့ရှိခဲ့ရကြောင်းနှင့် ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးရမိစေရေး ဆက်လက်ဆောင်ရွက်နေလျက်ရှိကြောင်းလည်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN