ငလျင်သင့်ဒေသများ၌ ပြန်လည်အသုံးပြုနိုင်တဲ့ အဆောက်အဦ ၁၄,၆၀၄ လုံး ရှိ


(ပြည်တွင်း) မေ ၁၄

ငလျင်သင့်ဒေသ ၃ နေရာဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်တို့တွင် ပြန်လည်အသုံးပြုနိုင်တဲ့ အဆောက်အဦ စုစုပေါင်း ၁၄,၆၀၄ လုံး ရှိကြောင်း မြန်မာနိုင်ငံငလျင်ကော်မတီထံမှ သိရပါတယ်။

အဆိုပါပျက်စီးဆုံးရှုံးမှုများအနက် ၇၅ ရာခိုင်နှုန်း ပြန်လည်အသုံးပြုနိုင်တဲ့ အဆောက်အဦပမာဏဖြစ်ပြီး အသေးစိတ်စစ်ဆေးရန် လိုအပ်တဲ့ အဆောက်အဦ စုစုပေါင်း ၃,၀၀၀ လုံးနှင့် အကြီးစားပြန်လည်ပြင်ဆင်ရန်နှင့် ငလျင်အားဖြည့်မွမ်းမံရန် လိုအပ်သည့် အဆောက်အဦ စုစုပေါင်း ၁,၉၅၄ လုံးခန့်ရှိကြောင်း သိရပါတယ်။

လက်ရှိအချိန် အထိ Earthquake Clinic ၏ လုပ်အားပေးအင်ဂျင်နီယာများမှ စစ်ကိုင်း၊ မန္တလေး နှင့် နေပြည်တော် မြို့များတွင် စစ်ဆေးခဲ့တဲ့ အဆောက်အဦစုစုပေါင်း ၂၀,၀၀၀ ခန့်ကို စစ်တမ်းကောက်ယူပြီး ဖြစ်ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံငလျင်ကော်မတီအနေနဲ့ ပထမအဆင့် လုပ်ငန်းတစ်ရပ်ဖြစ်တဲ့ ထိခိုက်ပျက်ဆီးသွားတဲ့ အဆောက်အဦ များရဲ့ ပြန်လည်အသုံးပြုနိုင်စွမ်း ဆန်းစစ်ခြင်းလုပ်ငန်းများကို စစ်ကိုင်း၊ မန္တလေး နှင့် နေပြည်တော် တို့မှာ Earthquake Clinic Volunteer Engineers များဖြင့်ဆောင်ရွက်လျက်ရှိပါတယ်။

ကော်မတီအနေဖြင့် ငလျင်ဒဏ်ခံစားခဲ့ရသော အဆောက်အဦများရဲ့ အခြေအနေကို စနစ်တကျစစ်ဆေးမှုများ ဆောင်ရွက်နိုင်ရန်အတွက် စိတ်ပါဝင်စားသူ လုပ်အား ပေးလိုတဲ့ အင်ဂျင်နီယာများ အား ဖိတ်ခေါ်၍ Earthquake Clinic များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်း စသည့် မြို့ကြီးများတွင် ဧပြီလ ၉ ရက်မှ စတင်၍ ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN