(ပြည်တွင်း) မေ ၁၄

မန္တလေးငလျင်ကြီး လှုပ်ခတ်တာကြောင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အားခွဲရုံတွေနဲ့ ဓာတ်အားလိုင်းများအပြင် လျှပ်စစ်မီတာတွေလည်း ထိခိုက်ပျက်စီးခဲ့တာကြောင့် ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရာ ရာနှုန်းပြည့်နီးပါးပြီးစီးနေပြီဖြစ်ပြီး ဓာတ်အားဖြန့်ဝေပေးနိုင်မှုက ရာနှုန်းပြည့်ဖြစ်နေပြီလို့ မန္တလေးလျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းကနေ သိရပါတယ်။
ပြန်လည်ပြင်ဆင်မှုများကို မန္တလေးလျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်းက ဆောင်ရွက်ပေးနေပြီး လက်ရှိမှာ မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်အားလုံးကို လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းဒေသကြီးအတွင်း ဓာတ်အားဖြန့်ဖြူးပေးနေမှုအခြေအနေနဲ့ ငလျင်ဒဏ်ကြောင့် ဖြိုချခြင်းများ ဆောင်ရွက်မယ့် အဆောက်အဦတွေရှိရင် သက်ဆိုင်ရာမြို့နယ်လျှပ်စစ်ရုံးတွေနဲ့ ဆက်သွယ်ဆောင်ရွက် နိုင်တယ်လို့ သိပါတယ်။
Telegram»…
https://t.me/positiveanglenews