(ပြည်တွင်း) ဧပြီ ၁၉
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရေကာကျေးရွာ အုပ်စု၊ ဇီးဖြူတန်းကျေးရွာနှင့် ကံဘဲ့ရှမ်းကျေးရွာကြား တာဘောင် လမ်းမပေါ်တွင် ပစ်ခတ်ပြီး ရှော့တိုက်ဒုံး ၃လုံးနှင့် မပစ်ခတ်ရသေးသည့် ရှော့တိုက်ဒုံး ၅လုံးတွေ့ရှိရကြောင်း သိရသည်။

ယမန်နေ့ ည၉နာရီအချိန်တွင် ဇီးဖြူတန်းကျေးရွာဘက်မှ ရှော့တိုက်ဒုံး (၃)လုံးပစ်ခတ်သံကြားပြီးနောက် ဘ၉နာရီ၁၅မိနစ်အချိန် လယ်ဝေးမြို့နယ်၊ အေလာ အုပ်စု၊ ရေလည်ကွေ့ကျေးရွာ ဦးသိန်းထွန်း(၅၃)နှစ် (ဘ)ဦးအောင်ဒင်၏ နေအိမ်ခြံဝန်းအတွင်း ရှော့တိုက်ဒုံးကျရောက်ခဲ့ကာ ပေါက်ကွဲ့မှုမရှိပဲ မြေကြီးတွင်ထောက်ကာ ပေ(၄၀)ခန့်တွင် ထိပ်ဖူးကျိုး၍ကျရောက်ခဲ့၍ လူ၊ ပစ္စည်း၊ တိရိစ္ဆာန်ထိခိုက်ပျက်ဆီးမှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရှော့တိုက်ဒုံးခန့်မှန်းပစ်ခတ်နိုင်သည့်နေရာအား တာဝန်ရှိသူများမှ ရှာဖွေခဲ့ရာ ယနေ့ နံနက်၂နာရီ၃၅မိနစ်အချိန်တွင် လယ်ဝေးမြို့နယ်၊ ရေကာအုပ်စု၊ ဇီးဖြူတန်းကျေးရွာနှင့် ကံဘဲ့ရှမ်းကျေးရွာကြား တာဘောင် လမ်းမပေါ် တွင် ရှော့တိုက်ဒုံးပစ်ခတ်ပြီး(၃)လုံးနှင့် မပစ်ခတ်ရသေးသည့် ရှော့တိုက်ဒုံး(၅)လုံးတို့အား တွေ့ရှိခဲ့ကြောင်း၊ အဆိုပါနေရာသို့ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအပါဝင် တာဝန်ရှိသူများမှ ရောက်ရှိစစ်ဆေးလျက်ရှိကြောင်း သိရသည်။
#PAN