လီဗာပူးလ်အသင်းက နောက်ခံလူ ဗန်ဒိုက် ကို စာချုပ်သက်တမ်းတိုး


(အားကစား) ဧပြီ ၁၈

လီဗာပူးလ်အသင်းက နောက်ခံလူ ဗန်ဒိုက်ကို စာချုပ်သက်တမ်းတိုးခဲ့ကြောင်း အတည်ပြုကြေညာခဲ့ ပါတယ်။

လီဗာပူးလ်အသင်းမှ စာချုပ်သက်တမ်းကို ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း သတင်းများက ၂၀၂၇ ခုနှစ်၊ ဇွန်လအထိဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ယခုဘောလုံးရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် အသက် ၃၃ နှစ်အရွယ် ဗန်ဒိုက် နှင့် ပတ်သက်ပြီး ကောလာဟလများလည်း အဆုံးသတ်သွားစေခဲ့ပါတယ်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် လီဗာပူးလ်အသင်းသို့ ရောက်ရှိလာခဲ့တဲ့ ဗန်ဒိုက် ဟာ ခုနစ်နှစ်ကျော်ကာလအတွင်း လီဗာပူးလ်အသင်းနဲ့အတူ ပြိုင်ပွဲစုံ ပွဲပေါင်း ၃၁၄ ပွဲ ကစားကာ ၂၇ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN