(နိုင်ငံတကာ) ဧပြီ ၁၈
မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်မှုအပြင်းထန်ဆုံးခံစားခဲ့ရသည့် ကလေးငယ် ၁၁၀,၀၀၀ အတွက် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့များက အကူအညီများပေးအပ်ရန် ဆောင်ရွက်လျက်ရှိကြောင်း UNOCHA Myanmar က ထုတ်ပြန်ထားပါတယ်။

ငလျင်ဒဏ်ကြောင့် စာသင်ကျောင်း ၂,၀၀၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရပြီး အရာအားလုံး ဆုံးရှုံးခဲ့ရသည့် မိသားစုများအတွက် စာသင်ကျောင်းများကို ယာယီခိုလှုံစရာနေရာအဖြစ် ပြောင်းလဲအသုံးပြုနေရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကလေးသိန်းပေါင်းများစွာအနေနဲ့ စာသင်ခန်းများ၊ ဆရာ/ဆရာမများမရှိဘဲ ကျန်ရှိခဲ့ကြသလို စာသင်ကြားရန်နှင့် ကစားရန်အတွက် အခြေခံပစ္စည်းများ မရှိကြတော့တာကြောင့် ၎င်းတို့ရဲ့ ပညာရေးနှင့်ပုံမှန်ဘဝကို ပြန်လည်ရရှိရန် အခွင့်အလမ်းများ ဆုံးရှုံးနေကြရကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ လက်ရှိတွင် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့များက ထိခိုက်မှုအပြင်းထန်ဆုံးခံစားခဲ့ရသည့် ကလေး ငယ် ၁၁၀,၀၀၀ အတွက် အကူအညီများပေးအပ်ရန်ဆောင်ရွက်နေပြီး ဘေးကင်းသည့်သင်ကြားရေးနေရာ၊ ဆရာ/ ဆရာမများအတွက် သင်တန်းနှင့် အဓိကလိုအပ်သည့် သင်ကြားရေးပစ္စည်းများကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရပါတယ်။
#PAN
Telegram»…