“ယခုနှစ် နွေဦးရာသီအတွက် နီပေါတောင်ထိပ်များသိုတက်ရောက်ရန် တောင်တက်သမား ၇ဝ၄ ဦး ခွင့်ပြုပေး”

(နိုင်ငံတကာ) ဧပြီ ၁၈

နီပေါနိုင်ငံသည် အမျိုးသမီး တောင်တက်သမား ၁၅၆ ဦး အပါအဝင် တောင်တက်သမား ၇ဝ၄ ဦး အား ယခုနှစ် မေလအထိ နွေဦးတောင်တက်ရာသီအတွင်း တောင်တက်ခွင့်ပြုမိန့်ထုတ်ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဧပြီလ ၁၇ ရက်တွင် ပြောသည်။

၎င်းတို့အနက် အမျိုးသား ၂၅၃ ဦးနှင့် အမျိုးသမီး ၅၈ ဦးအား အမြင့် ၈,၈၄၈ ဒသမ ၈၆ မီတာ ရှိသော ချိုမိုလန်မာတောင်သို့ တက်ရောက်ခွင့်ပြုခဲ့သည်။ တောင်တက်ခွင့်လျှောက်လွှာများကို နေ့စဉ်လက်ခံရရှိနေကြောင်း ခရီးသွားလာမှုဌာန ညွှန်ကြားရေးမှူး လီလာဒ်ဟာ အက်စ် ဝက်သီ က ပြောသည်။

တောင်တက်ခွင့်ပါမစ် ထုတ်ပေးခြင်းဖြင့် နီပေါနိုင်ငံသည် ဝင်ငွေ ဒေါ်လာ ၃ ဒသမ ၈၄ သန်း ရရှိခဲ့သည်။

နီပေါအစိုးရသည် ချိုမိုလန်မာတောင်သို့ နိုင်ငံခြားသားများ တက်ရောက်သည့်အခါ တောင်တက်ကြေးကို စက်တင် ဘာလ ၁ ရက်မှစတင်၍ ဒေါ်လာ ၅,၅၀၀ မှ ဒေါ်လာ ၇,၅၀၀ အထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်သည်။

Telegram»…

https://t.me/positiveanglenews