“ချောင်းသာကမ်းခြေသို သင်္ကြန်ကာလအတွင်း လာရောက်အပန်းဖြေသူများပြား”

(ပြည်တွင်း) ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရှိ ချောင်းသာကမ်းခြေသို့ မဟာသင်္ကြန်ကာလတွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်ဝင်ရောက်မှု များပြားခဲ့ကြောင်း သိရပါတယ်။

သင်္ကြန်ကာလမရောက်မီ အကြိုရက်များမှစ၍ ဟိုတယ်နဲ့ တည်းခိုခန်းများတွင် ကြိုတင်ရက်ချိန်းများနဲ့ ပြည့်နေခဲ့ပြီး ရပ်ကွက်များအတွင်းရှိ လုံးခြင်းအိမ်ငှားတည်းခိုလို့ရတဲ့ နေရာများတွင်ပါ လာရောက်လည်ပတ် သူများ ပြည့်နေခဲ့ကြောင်း သိရပါတယ်။

ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်သူများ စိတ်အေးချမ်း ပျော်ရွှင်စွာအနားယူနိုင်ရေး၊ လုံခြုံမှုရှိရေး၊ ကမ်းခြေသန့်ရှင်းပြီး လာရောက်အပန်းဖြေသူများပြား စိတ်အပန်းပြေနိုင်ရေး၊ စျေးရောင်းချသည့် စျေးသည်များ သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချစေရေးနှင့် ယာဥ်ကြောပိတ်ဆို့မှု မဖြစ်စေရန်တို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရပါတယ်။

#PAN

https://t.me/positiveanglenews